စပိန်နိုင်ငံ Canary ကျွန်းများရှိ La Palma ကျွန်းပေါ်ရှိ Cumbre Vieja မီးတောင်ပေါက်ကွဲမှုမှာ ၂၄ ရက်မှ ၈၄ ရက်ကြား ကြာရှည်နိုင်မည်ဟု ခန့်မှန်းထားကြောင်း Canary ကျွန်းများဆိုင်ရာ မီးတောင်ဗေဒအင်စတီကျု က စက်တင်ဘာ (၂၂) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲမှုဟာ စတင်ဘာလ (၁၉) ရက်နေ့က ဖြစ်ပွားခဲ့ပြီးနောက် တောင်ရဲ့ အနောက်တောင်ဘက်ခြမ်းရှိ အပေါက် (၉) ပေါက်ကနေ မီးတောင်ချော်ရေများဟာ (၁)နာရီလျှင် မီတာ (၂၀၀) အမြန်နှုန်းဖြင့် ပင်လယ်အတွင်းသို့ စီးဆင်းခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

မီးတောင်ရဲ့ ချော်ရေများကြောင့် La Palma ကျွန်းပေါ်ရှိ ပြည်သူ (၅၀၀၀) ကျော်လောက် ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။ ဥရောပသမဂ္ဂရဲ့ ကမ္ဘာမြေလေ့လာရေးဂြိုဟ်တု Copernicus မှ ရိုက်ကူးထားတဲ့ ဓာတ်ပုံများတွင် မြေပြင် (၁၅၄) ဟက်တာမှာ ချော်ရေများ ဖုံးလွှမ်းသွားခဲ့ပြီး ချော်ရေထုမှာ (၁၀) မီတာမှ (၁၂) မီတာအထိရှိတာကြောင်း လူနေအဆောက်အဦး (၃၂၀) လုံး ပျက်စီးသွားခဲ့ကြောင်း ဖော်ပြထားခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

လက်ရှိမှာ မြို့ပြလုံခြုံရေး၊ မီးသတ်နှင့် စပိန် စစ်ဘက်ဆိုင်ရာ အရေးပေါ်အခြေအနေ ယူနစ် အပါအဝင် မြို့ပြကာကွယ်ရေးတပ်ဖွဲ့ဝင် (၇၅၀)လောက်ဟာ ကျွန်းပေါ်နေထိုင်သူများရဲ့ ဘေးကင်းလုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းသွားတဲ့ ဒေသခံများကိုလည်း ၎င်းတို့ရဲ့နေအိမ်များသို့ ခေတ္တပြန်ပြီး ပိုင်ဆိုင်ပစ္စည်းများအား စုဆောင်းသိမ်းဆည်းရန် ခွင့်ပြုထားတယ်လို့ Xinhua သတင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်းအရင်းမြစ်: Source - Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။