တစ်ကမ္ဘာလုံးမှာ ကိုဗစ်ကူးစက်ရောဂါတွေဖြစ်ပွါးနေဆဲဖြစ်တာကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံကလည်း လက်ရှိအခြေအနေမှာဆိုရင် သူတို့နိုင်ငံထဲ ခိုးဝင်နေကြသူတွေကို ထိုင်းရဲတွေကသေချာစောင့်ကြပ်စစ်ဆေးပြီး ဖမ်းဆီးနေကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ကဆိုရင်လည်း ထိုင်းနိုင်ငံ၊ဆာဒါအိုခရိုင်မှာ တရားမဝင်မြန်မာလုပ်သား (၁၄)ဦးကိုထိုင်းတာဝန်ရှိသူတွေကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဖမ်းမိတဲ့ မြန်မာလုပ်သား (၁၄)ဦးထဲမှ (၉)ဦးကတော့ ကိုဗစ်ကူးစက်ရောဂါကိုခံစားနေရကြောင်း တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

Photo Credit:Bangkok Post’s Fb page
Photo Credit:Bangkok Post’s Fb page
Photo Credit:Bangkok Post’s Fb page

တရားမဝင်ခိုးဝင်ကြတဲ့ (၁၄)ဦးထဲမှာ ကလေးငယ်တစ်ဦးပါဝင်နေခဲ့ပြီး မလေးရှားနိုင်ငံ၊ကီဒေါ့ပြည်နယ်နဲ့ ထိစပ်နေတဲ့ထိုင်းနယ်မြေအခြမ်းမှာ ရဲတပ်ဖွဲ့၊လူဝင်မှုကြီးကြပ်ရေး စတဲ့ တာဝန်ရှိသူတွေက စက်တင်ဘာလ (၁၁)ရက်နေ့မှာဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ကိုဗစ်ပိုးတွေ့တဲ့ မြန်မာလုပ်သား (၉) ဦးကိုလည်း ကုသမှုခံယူရန် ဆေးရုံသို့ပို့ဆောင်ထားပြီး ကျန်တဲ့ (၅)ဦးကတော့ ဒုတိယအကြိမ်ကိုဗစ်ပိုးထပ်မံစစ်ဆေးထားပေမယ့် အဖြေမသိရသေးဘူးလို့သိရပါတယ်။

Photo Credit:Bangkok Post’s Fb page
Photo Credit:Bangkok Post’s Fb page

တရားမဝင်မြန်မာလုပ်သား (၁၄)ဦးကို ဖမ်းဆီးကြတဲ့ ထိုင်းတာဝန်ရှိသူ အယောက် (၄၀) ကလည်း ရောဂါရှိ၊မရှိစစ်ဆေးခြင်းခံခဲ့ရပါတယ်။သူတို့ဆီမှာ ကိုဗစ်ပိုးမတွေ့ခဲ့ပေမယ့် လက်ရှိမှာတော့ ထိုင်းနိုင်ငံစည်းမျဉ်းတွေအရQuarantine (၁၄) ရက်ဝင်ရမှာဖြစ်ပါတယ်။ဒီလို ကိုဗစ်ရောဂါအခြေအနေတွေကြောင့် ထိုင်းနိုင်ငံဘက်ကလည်းတရားမဝင်ခိုးဝင်သူတွေကို ဖမ်းဆီးပြီး ထိထိရောက်ရောက်အရေးယူနေကြတဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Bangkok Post’s Fb page
Photo Credit:Bangkok Post’s Fb page
Photo Credit:Bangkok Post’s Fb page

Source&Photo Credit:Bangkok Post’s Fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။