မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေအရ လူငယ်တွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ်နဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကလည်း ပါ၀င်နေကြပြီး အာဏာရှင်ကိုအမြစ်ဖြုတ်ရန်နဲ့ စစ်မှန်တဲ့ဖယ်ဒရယ်ဒီမိုကရေစီရရှိဖို့အတွက် အင်တိုက်အားတိုက်ကြိုးစားနေကြတာကိုတွေ့ရပါတယ်။ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် လူငယ်အတော်များများလည်း လွတ်မြောက်နယ်မြေကိုရောက်ရှိကာ PDFရဲဘော်တွေအနေနဲ့ ခံယူပြီး စစ်ရေးလေ့ကျင့်နေကြတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

ဒီဒေး ကြေငြာလိုက်ပြီလည်းဖြစ်တာကြောင့် တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်ပေါ်လာပြီး နေရာအနှံ့မှာလည်း ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့လည်း တောထဲတောင်ထဲမှာ ပင်ပန်းဆင်းရဲစွာနဲ့ စစ်ပညာသင်နေကြတဲ့ PDF ရဲဘော်တွေအတွက် ရိက္ခာနဲ့ အစားအသောက်တွေ တတ်နိုင်သရွေ့ လှူဒါန်းနေကြတာလည်း ဖြစ်ပါတယ်။

Photo credit-Original Uploader

PDFရဲ‌ဘော်လေးတွေဟာလည်း

အခုလိုလှူဒါန်းပေး‌ကြတဲ့ ရိက္ခာလေးတွေနဲ့ တောထဲတောင်ထဲမှာ ဖြစ်သလိုလေးတွေချွေတာစားသောက်ကြပြီး တော်လှန်ရေးကြီးအတွက် ကြိုးစားပြင်ဆင်နေကြတာဖြစ်ပါတယ်။ PDF ရဲဘော်လေးတစ်ဦးဟာလည်း တောတောင်ထဲမှာသူတို့နေထိုင်ရတဲ့ပုံလေးတွေမျှဝေရင်း လိုအပ်တာလေးတွေပါ အလှူခံထားတာတွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်းအရင်းမြစ်: Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။