အသက်အရွယ်ကြီးရင့်ပေမယ့် ကူကယ်ရာမဲ့နေတာကြောင့် ဖြစ်သလို နေထိုင်စားသောက်ပြီး ရှင်သန်နေရတဲ့ အဖိုးအဖွားတွေဟာ တကယ်ကို စိတ်မကောင်းစရာကောင်းသလို သနားစရာလည်း ကောင်းပါတယ်။ ဓားပြတိုက်ခံရလို့ နှစ်ယောက်လုံးလေဖြတ်နေချိန်မှာ ဒုက္ခတွေနဲ့ရင်ဆိုင်နေရတဲ့ အသက် (၈၀)ကျော် အဖိုးနဲ့အဖွားရဲ့ရင်နာစရာဘဝဇာတ်ကြောင်းလေးကို နယ်လှည့်ဆရာဝန်တစ်ဦးက စိတ်မကောင်းစွာ ပြောပြလာပါတယ်။ ဧရာဝတီတိုင်း တောရွာလေးမှာ အတော်အသင့်ချမ်းသာတဲ့ လယ်ပိုင်ရှင်တွေဖြစ်ခဲ့ကြတဲ့ အဖိုးအဖွား ဇနီးမောင်နှံဟာ ဓားပြတိုက်ခံရတာကြောင့် ရွှေငွေတွေ ဆုံးရှုံးခဲ့ကြပါတယ်။




သားတစ်ယောက်လို လိမ္မာအားကိုးရသလို လယ်ထွန်အလုပ်အကျွေးပြုနေတဲ့ နွားလေးကြောင့် ဓားပြတွေလက်ကလွတ်ကာ အသက်ရှင်ခဲ့ကြရပေမယ့် စုဆောင်းထားကြတဲ့ လက်ဝတ်လက်စားလေးတွေနဲ့ ပိုင်ဆိုင်သမျှကို ဆုံးရှုံးခဲ့ကြရပါတယ်။ အသက်ကြီးမှ အိမ်ထောင်ပြုခဲ့ကြတဲ့ အဖိုးနဲ့အဖွားဟာ သားသမီးမရှိတာကြောင့် သားတစ်ယောက်ခေါ်ယူမွေးစားခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အချိန်မှာ အဖိုးနဲ့အဖွား စုဆောင်းထားတဲ့ယူပြီး ထွက်ပြေးသွားခဲ့ပြန်ပါတယ်။ အမျိုးမျိုးသော အကြောင်းအရာတွေကြောင့် ဆင်းရဲသွားပြီး နာမကျန်းဖြစ်ကာလေဖြတ်သွားတဲ့အထိ ဒုက္ခတွေရောက်နေကြရတာ ဖြစ်ပါတယ်။





ဒုက္ခတွေများစွာနဲ့ စားရတချက် မစားရတချက် မိုးမလုံ လေမလုံ တောရွာအစွန်အဖျား အိမ်လေးထဲမှာပဲ နှစ်ယောက်တည်းဖြစ်သလို နေနေကြရှာတဲ့ အဖိုးနဲ့အဖွားကို နယ်လှည့်ဆေးကုသပေးနေတဲ့ ဆရာဝန်တစ်ဦးက တွေ့ရှိခဲ့ပြီး ကူညီပေးခဲ့ပါတယ်။ ဖိုးဖိုးနဲ့ဖွားဖွားကို ဆေးကုသပေးပြီး ဆန်ဆီဆား၊ ဆေးဝါးအပြည့်အစုံနဲ့ ပျက်စီးယိုယွင်းနေတဲ့ အိမ်လေးကိုလည်း လုံလုံခြုံခြုံဖြစ်အောင်ပြုပြင်ဆောက်ပေးနိုင်ခဲ့သလို လစဉ်စားစရာနဲ့ ဆေးဝါးများ ထောက်ပံ့ပေးဖို့လည်း စီစဥ်ထားပေးတယ်လို့ သိရပါတယ်။ ဖွားဖွား ဘယ်လို သွားလာလှုပ်ရှားနေရတယ်ဆိုတာကိုလည်း ဗီဒီယိုဖိုင်လေးနဲ့အတူ ဝေမျှထားတာမို့ တင်ဆက်ပေးလိုက်ပါတယ်နော်။



သတင်းအရင်းမြစ်: Minn Ko's Fb Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။