တစ်ကမ္ဘာလုံးက လူတွေရဲ့ အသက်ကို တုန်လှုပ်ခြောက်ခြားစေတဲ့ Covid-19 ဟာဆိုရင် တစ်ခြားကူးစက်ရောဂါတွေထက်ပို အန္တရာယ်များပြီး သိပ်ကို မာယာများတဲ့ ကူးစက်ရောဂါတစ်မျိုးပါပဲ...

ကမ္ဘာကြီးပေါ်ကနေ ခဏလေးနဲ့ ထွက်ခွာမသွားတဲ့ အပြင် လူတွေရဲ့ ခန္ဓာကိုယ်ကို ဘယ်အချိန်၀င်ရောက်တိုက်ခိုက်ရမလဲဆိုတာကိုလည်း အချိန်နဲ့အမျှစောင့်ကြည့်နေတာပဲဖြစ်ပါတယ်။

Covid Third Wave မှာ မြန်မာနိုင်ငံအပါအ၀င်နိုင်ငံပေါင်းစုံက လူအတော်များများဟာ Covid ကြောင့်အလူးအလဲ ခံစားခဲ့ရပြီးနောက်ဆုံး မှာအသက်သေဆုံးသွားကြတာတွေအထိအများကြီးရှိခဲ့ပါတယ်။ 

photo credit from google

အခုတစ်ခါမှာလည်း Ministry Of Health, Myanmar ရဲ့ နောက်ဆုံးထုတ်ပြန်ကြေငြာချက်အရ မျိုးရိုးဗီဇ ကွဲလွဲစွာနဲ့ ထပ်မံ ပေါ်ပေါက်လာတဲ့ Delta Virus ရောဂါပိုးဟာ မြန်မာနိုင်ငံကနေရာတစ်ချို့ကို စတင်၀င်ရောက်လာပါပြီ။ ဒီ Virus ဟာ ဆိုရင် ခန္ဓာကိုယ်ထဲ ၀င်ရောက်လာတာနဲ့ ရောဂါကိုပိုမိုပြင်းထန်စွာ ခံစားရစေတဲ့အပြင် သေဆုံးမှုနှုန်းအလွန် မြန်စေတဲ့ ပိုး ဖြစ်ကြောင်းကို လည်း နိုင်ငံတကာက ကျန်းမာရေး တတ်ကျွမ်းနားလည်သူတွေရဲ့ လေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။

photo credit from facebook

Ministry Of Health, Myanmar ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ (၂၈.၈.၂၀၂၁ ) နေ့အတွက် ဓာတ်ခွဲစစ်ဆေးခဲ့တဲ့ ဓာတ်ခွဲ စစ်ဆေးချက်များအရ Delta Virus ကူးစက်ခံထားရသူ စုစုပေါင်း(၁၅) ဉီးရှိပြီလို့ရပါတယ်။

photo credit from facebook

ကူးစက်ခံထားရတဲ့ (၁၅) ဉီးကတော့ နေပြည်တော်က ၅ ဉီး၊ ရန်ကုန်မှ ၂ဉီး မန္တလေးမှ ၂ဉီး၊ စစ်တွေ ၊တောင်ငူ၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာနဲ့ ကလေးမြို့တို့မှ ၁ဉီးစီ ဖြစ်ကြောင်း သိရှိရပါတယ်။

ဒါကြောင့် Myanmarload ပရိတ်သတ်ကြီးလည်း Delta ရန်ကနေကာကွယ်ဖို့ ကျန်းမာရေးလမ်းညွှန်ချက်များကို နေ့စဉ်လိုက်နာရင်း သတိရှိစွာနေထိုင်ကြဖို့အတွက် အသိပေးအပ်ပါတယ်ရှင်...

သတင်းအရင်းမြစ်: Ministry Of Health, Myanma

 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။