လတ်တလောဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးအခြေအနေတွေဟာ တစ်စထက်တစ်စ ပိုမိုဆိုးရွားလာပြီး ပြည်သူတွေမှာ ခက်ခဲတွေနဲ့ ကြုံတွေ့နေကြရပါတယ်..။

အကြမ်းဖက်မှုတွေနဲ့ တော်လှန်ရေးအတွက်ကြောင့် အသက်အိုးအိမ်စည်းစိမ်တွေကို စွန့်လွှတ်ကာ တောထဲတောင်ထဲမှာ စစ်ရေးလေ့ကျင့်နေကြတဲ့ လူငယ်တွေလည်း များပြားနေပြီ ဖြစ်ပါတယ်..။

Photo Credit - Original Uploader

တောထဲတောင်ထဲ စစ်မျက်နှာပြင်ကိုရောက်နေပေမယ့် အိမ်ကိုလွမ်းကာ အမေ့ဆီစာလေးပေးပို့ခဲ့တဲ့ ရှေ့တန်းကရဲဘော်လေးရဲ့ စာလေးကလည်း တကယ်ကို ရင်ထဲထိစေခဲ့ပါတယ်..။

တောထဲမှာ အဆင်ပြေနေတဲ့အကြောင်းနဲ့ အခုလက်ရှိမှာလိမ္မာနေပြီး အရင်ကဆိုးခဲ့တာတွေကို ဝန်ချတောင်းပန်ကာ မိခင်ဖြစ်သူဆီသတိရကြောင်း စာလေးပေးပို့ခဲ့တာပါ..။

Photo Credit - Original Uploader

အောင်ပွဲတွေရပြီး တော်လှန်ရေးပြီးတဲ့အချိန်ကျရင် အမေ့ဆီအကောင်းအတိုင်းပြန်လာမဆိုပြီးတော့လည်း ရေးသားထားပါသေးတယ်..။

​အနာဂတ်အိပ်မက်တွေနဲ့ ပိုင်ဆိုင်သမျှအားလုံးကိုထားခဲ့ကာ မျှော်လင့်ချက်တွေအတွက် ခက်ခဲကြမ်းတမ်းတဲ့ လမ်းကိုလျှောက်နေကြပေမယ့် ခိုင်မာပြတ်သားပြီး ရဲဝင့်တဲ့စိတ်ထားတွေကတော့ လေးစားစရာကောင်းလွန်းတာမို့ အန္တရာယ်ကင်း ဘေးရှင်းစေဖို့ကိုလည်း ဆုတောင်းပါတယ်နော်..။

Photo Credit - Original Uploader
Photo Credit - Original Uploader


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။