မြန်မာနိုင်ငံအတွင်း တနင်္သာရီတိုင်းဒေသကြီးမှာရှိတဲ့ ဆလုံတိုင်းရင်းသားများအား ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်လာအောင် သာသနာပြု ဂျလန်းကျွန်းဆရာတော်လို့ ထင်ရှားခဲ့တဲ့ သဒ္ဓမ္မဇောတိကဓဇ အရှင်ကုသလဇောတိကဟာ ဇူလိုင်လ(၂၁)ရက်နေ့က ကိုဗစ်ရောဂါဖြင့် မွေးဖွားရာဇာတိဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး ၊ သာစည်မြို့နယ်ကဆေရုံးမှာပဲ ဘဝနတ်ထံ ပျံလွန်တော်မှုသွားခဲ့တာ ဖြစ်ပါတယ်။
ဂျလန်းကျွန်းဆရာတော်ဟာ ဇူလိုင်(၅)ရက်နေ့ကနေစတင်ပြီး နေမကောင်းဖြစ်ပြီး (၁၄)ရက်မြောက်နေ့မှာပဲ ဘဝနတ်ထံပျံလွန်တော်မှုသွားခဲ့ပါတယ်။ ဆရာတော် ဘဝနတ်ထံပျံလွန်မှုချိန်မှာတော့ သက်တော် (၄၅) နှစ် ၊ ဝါတော် (၂၅) နှစ် ရှိပြီးလို့လည်း သိရပါတယ်။ ယခုမှာလည်း ဆရာတော်ဘုရားရဲ့ နောက်ဆုံးအချိန်မှာ အဝေးမှာရှိတဲ့ တပည့်၊ဒယကာဒယကာမတွေ ဖူးမြော်ခွင့်ရအောင် ဗီဒီယိုလေးရိုက်ပြီး ဖော်ပြလာတာတွေ့ရပါတယ်။
ပိုပြီး စိတ်မကောင်းစရာဖြစ်တာကတော့ သုံးနှစ်သုံးကြိမ်တိုင်တိုင် တရားပွဲကျင်းပပြီး ရရှိတဲ့အလှူငွေများဖြင့် လှူဒါန်းတည်ဆောက်ပေးခဲ့တဲ့ ဆရာတော်ရဲ့ မီးသင်္ဂြိုလ်စက်ထဲမှာပဲ ပြန်လည်သင်္ဂြိုလ်ခဲ့ရတာကြောင့် ပိုပြီး ရင်နင့်ကြေကွဲ ဝမ်းနည်းရပါတယ်။ ယခုလို သာသနာ့အကျိုးကို သယ်ပိုးပြီး ဗုဒ္ဓဘာသာကို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့တဲ့ ဂျလန်းကျွန်းဆရာတော် ဘဝနတ်ထံပျံလွန်တော်မှုသွားခဲ့တာဟာ သာသနာအတွက်ဆုံးရှုံးမှုကြီး တစ်ခုပဲ ဖြစ်ရပါတယ်။ ဆရာတော်ကို ကိုးကွယ်ပူဇော်ခဲ့တဲ့ အနယ်နယ်အရပ်ရပ်က တပည့်၊ဒယကာဒယကာမတွေ ပြန်လည်ဖူးမြော်ခွင့်ရအောင် နောက်ဆုံးအချိန်လေးကို စိတ်မကောင်းစွာနဲ့ ကူးယူဖော်ပြပေးလိုက်ပါတယ်။
သတင်းအရင်းမြစ်: Source - Mann Soe Han fb account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။