မြန်မာနိုင်ငံမှာ H1N1 ခေါ် ဝက်တုတ်ကွေး ကူးစက်မှုတွေ ရှိနေပြီဟု သံသယရှိ

ကျန်းမာရေး အထူး သတိပေးချက် !

ယနေ ့ (23.7.2017 ) ည 9:30 နာရီ အချိန် သတင်းရ ရှိချက် များ အရ ရန်ကုန်ဆေးရုံကြီး တွင် လက်ရှိ တွင် လေမှ တစ်ဆင့် ကူစက် သော ကူးစက်မြန် ပြင်းထန် အဆုတ်ယောင် H1N1 တုတ်ကွေး Flu Virus (Swine Flu) (Spanish Flu) လို ့ခေါ်သော ရောဂါပိုး Outbreak ဖြစ်ပွား ၍ ပျံ့နှံ့ ကူးစက် ခဲ့သော လူနာ အချို့ ရှိခဲ့ပါသည်။ ဓါတ်ခွဲခန်း စစ်ဆေးချက် အဖြေများ အရ H1N1 ရောဂါပိုး ဖြစ်ကြောင်း လတ်တလော အတည်ပြု ထားပါသည် ဟု သိရပါသည်။

မနက်ဖြန် (24.7.2017) တနလာင်္နေ ့ တွင် နိုင်ငံ ပိုင် Media များမှ တရားဝင် ကြေငြာ သွားမည် ဟု သတင်းရ ရှိထားပါသည်။

ဝက်တုတ်ကွေးခေါ် Swine Flu ( H1N1 ) ဟာ ၁၉၁၈ ခုနှစ်ခန့်က မက္ကဆီကို နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပါတယ်။ ရိုးရိုးတုတ်ကွေး Flu virus ကနေ မျိုးရိုးဗီဇပြောင်းလဲမှုတွေ ဖြစ်ခဲ့တာဖြစ်ပြီး အမျိုးအစားများစွာ ရှိပါတယ်။ ကပ်ရောဂါ သဖွယ် ရာစုနှစ်အလိုက် ဖြစ်ပွားတတ်ပြီး ၂၀၀၉ ခုနှစ်မှာအပြင်းအထန် ဖြစ်ပွားခဲ့ဖူးပါတယ်။ အခု ၂၀၁၇ မှာတော့ အိန္ဒိယနိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီဝက်တုတ်ကွေးရောဂါဟာ H1N1 ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားတတ်ပြီး ရောဂါ ရှိသူမှ တဆင့် နှာချေခြင်း ၊ ချောင်းဆိုးခြင်းတို့မှ တဆင့် ကူးစက်တတ်ပါတယ်။ ဒါ့အပြင် ချွဲသလိပ်များ ၊ နှာရည်များမှ တဆင့် ကူးစက်တတ်ပါသေးတယ်။ ဝက်သားစားခြင်းမှ တဆင့် ကူးစက်နိုင်သည်ဟု ယနေ့အထိ အထောက်အထားများမှ အရ ခိုင်လုံစွာ မတွေ့ရှိရသေးပါ။

ရောဂါ လက္ခဏာတွေကတော့

* အဖျားတက်ခြင်း

* ချောင်းဆိုးခြင်း

* နှာရည်ယို နှာစေးခြင်း

* ခေါင်းကိုက်ခြင်း

* ကိုယ်လက်များ နာကျင်ကိုက်ခဲခြင်း

* အသက်ရှုကြပ်ခြင်း

* မောပန်း နွမ်းနယ်ခြင်း

* ပြင်းထန်ပါက သတိလစ်မေ့မြောခြင်းတွေ အထိ ဖြစ်တတ်ပါတယ်။

ဒီဝက်တုတ်ကွေးရောဂါ ကူးစက်ခံနေရပြီဟု သံသယရှိလျှင် ဓာတ်မှန်ရိုက်ခြင်း ၊ သွေးစစ်ခြင်း ၊ နှာခေါင်းနှင့် အာခေါင်တို့မှ အချွဲယူ၍ စစ်ဆေးခြင်းတွေ ပြုလုပ်သင့်ပါတယ်။

ရောဂါကို ကာကွယ်ကုသနိုုင်ရန်အတွက် Oseltamivir ( Tamiflu ) ဆေးတော့ ရှိပါတယ်။ ဒါပေမယ့် ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းမွန်ပါတယ်။ ဒါကြောင့် ဖျားနာလာပြီဆိုရင် မပေါ့ဆပါနဲ့ ၊ ဒီရောဂါ ဖြစ်နေလားဆိုတာ သိနိုင်အောင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ မိမိသဘောအလျှောက် စပ်ဆေးတွေ မသောက်သင့်ပါ။ ရောဂါပိုး ကူးစက်ခံရမှုမှ ကာကွယ်ရန်အတွက် လက်ကို မကြာခဏ စင်ကြယ်အောင် ဆေးကြောသင့်ပါတယ်။ လူထူထပ်တဲ့ နေရာတွေကို ရှောင်ရှားသင့်ပါတယ်။ မဖြစ်မနေ သွားရမယ်ဆိုရင် အထူးပြုလုပ်ထားသော မျက်နှာစည်းများ ဝတ်ဆင်သင့်ပါတယ်။

တုတ်ကွေးကာကွယ်ဆေး ထိုးခြင်း ၊ အာဟာရမျှတစွာ စားသုံးနေထိုင်ခြင်းတွေ ပြုလုပ်သင့်ပါတယ်။

သက်ကြီးရွယ်အိုများ ၊ ကလေးသူငယ်များ ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နာတာရှည်ရောဂါကို ခံစားနေရသော လူနာများအနေနှင့် ရောဂါ ဖြစ်ပွားလာလျှင် ပိုမိုပြင်းထန်နိုင်သည့်အတွက် အထူးဂရုပြု ဆင်ခြင်သင့်ပါတယ်။

ဒီရောဂါဟာ ကူးစက်မြန် ပြင်းထန် အဆုတ်ရောင်ရောဂါဖြစ်ပြီး အသက်သေဆုံးနိုင်သည့်အထိ ဖြစ်ပွားနိုင်တဲ့အတွက် အထူးသတိပြု ဆင်ခြင်ကြပါလို့ တိုက်တွန်းရင်း သတိပေးအပ်ပါတယ်။

Credit to Kyaw Swar Shein..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။