Mobile Legends ဟာဆိုရင် ထွက်ရှိလာခဲ့တဲ့ ၅နှစ်တာ တောက်လျှောက်မှာ ပြောင်းလဲမှုများစွာပြုလုပ်ခဲ့ပါတယ်။ ပြုလုပ်ခဲ့တဲ့တောက်လျှောက်မှာလဲ Hero တွေကို Revamp , Remodel တွေအပြင် တချို့ဆို ပုံစံတွေ ထွက်ရှိခဲ့ပြီမှ Remove လိုက်တာတွေလဲရှိပါတယ်။ အောက်မှာဆိုရင်တော့ Remove လိုက်တဲ့ ML ရဲ့ survey ထဲက Hero တွေကို ဖော်ပြလိုက်ပါတယ်။  

Unnamed Hero 01
Credit : Fandom

ဒီ Hero ဟာဆိုရင်တော့MLBB ရဲ့ Hero Survey ထဲမှာတွေ့ရှိခဲ့တာဖြစ်ပေမယ့် ဘာကြောင့်မှန်းမသိ ထုတ်ဖို့အတွက် ဖျက်သိမ်းလိုက်ပါတယ်။ ဒီပုံဟာဆိုရင်တော့ Lesely ရဲ့ Concept Art design ထွက်ခဲ့တဲ့အချိန်တုန်းက အတူတူထွက်ရှိခဲ့တာဖြစ်ပါတယ်။ 

Unnamed Hero 02
Credit : Fandom

ဒီ Hero ရဲ့ပုံဟာဆိုရင်တော့ Helcurt ရဲ့ concept art နဲ့အတူတူထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်သူမဟာ တစ်ခါမှ သူမနဲ့ပတ်သတ်လို့ ဘာသတင်းမှလဲမထွက်ရှိလာသလို Hero ထွက်ဖို့လဲ အစိအစဉ်မရှိခဲ့ပါဘူး။ သူမရဲ့ ပုံစံကတော့ Scylla နဲ့တူပါတယ်။ ဒါမှမဟုတ် Magic Rush ထဲက Murphy နဲ့ ဆင်တူပါတယ်။ Magic Rush ဟာဆိုရင်တော့ Moontoon ရဲ့ Game တစ်ခုပဲဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Fandom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။