MPT Myanmar National League II 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ (Week-5)အပြီး အမှတ်ပေးဇယား ရပ်တည်မှုနှင့် ရလဒ်များပဲ ဖြစ်ပါတယ်။ ငါးပွဲကစားအပြီးမှာ ချင်းလန်းအသင်းက ငါးပွဲစလုံး အနိုင်ရထားပြီး ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၁ နေရာက ဆက်လက်ဦးဆောင်နေပါတယ်။ Junior Lion အသင်းကတော့ ရမှတ် ၁၂ မှတ်ဖြင့် အဆင့် ၂နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit - Myanmar National League II Facebook Page

မြဝတီအသင်းကတော့ ရမှတ် ၉ မှတ်ဖြင့် အဆင့် ၃နေရာမှာ ရပ်တည်နေပြီး တက္ကသိုလ်များအသင်းကတော့ ရမှတ် ၇ မှတ်ဖြင့် အဆင့် ၄နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ယောမြေအက်ဖ်စီ အသင်းကတော့ ရမှတ် မရရှိသေးပဲ အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရောက်ရှိနေခဲ့ပါတယ်။ (Week - 5) အပြီး အသင်းတိုင်းရဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲပြီးရလဒ်တွေကို တင်ပြရမယ်ဆိုရင် ငွေကြယ်ပွင့်များအသင်း (၂-၃) ချင်းလန်းအသင်း ၊ တက္ကသိုလ်များအသင်း (၂-ဝ) ချင်းယူနိုက်တက်အသင်း ၊ ယောမြေအသင်း (ဝ-၆) မောရဝတီအသင်းတို့ အသီးသီး ကစားခဲ့ကြပါတယ်။

Photo Credit - Myanmar National League II Facebook Page

ယခုတစ်ပတ်မှာ Junior Lions အသင်းနှင့် မြဝတီအသင်းတို့ပွဲစဉ်ကို မတ်လ ၂၁ ရက်၊ ပဒုမ္မာကွင်းသို့ ရွှေ့ဆိုင်းထားပါတယ်။ Junior Lions အသင်းအနေနဲ့ တက္ကသိုလ်ဝင်စာမေးပွဲနှင့် တက္ကသိုလ်ပထမနှစ်ဝက် စာမေးပွဲများ ရှိနေသည့်အတွက် ယခုကဲ့သို့ သက်ဆိုင်ရာကလပ်အသင်း များ၏ သဘောတူညီမှုဖြင့် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်ပါတယ်။ ကဲ....ချစ်ပရိသတ်ကြီးရေ MPT Myanmar National League II 2020 အမှတ်ပေး ဘောလုံးပြိုင်ပွဲ (Week-5)အပြီး အမှတ်ပေးဇယား ရပ်တည်မှုနှင့် ရလဒ်များကို တင်ပြလိုက်ပါတယ်။

Photo Credit - Myanmar National League II Facebook Page

Source -Myanmar National League II Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။