Mobile Legends နဲ့ပတ်သတ်ပြီးတော့ ခုချိန်မှာဆိုရင် ကစားပွဲတွေက ပြင်းထန်းသထက် ပြင်းထန်းလာတာကို ကစားသူတွေအနေနဲ့ သိရှိကြမှာဖြစ်ပါတယ်။ အာ့ကြောင့်ပဲ Battle တွေဆိုင်လိုက်တဲ့အခါတိုင်း အနိုင်ရဖို့အတွက် Combo Skill တွေက လိုအပ်နေပါပြီ။ အသင်းတစ်သင်းမှာ Combo ချိတ်နိုင်တဲ့သူတွေရှိရင် Battle ဟာ တော်တော် Fight လို့ကောင်းပါတယ်။ အဲ့အတွက်ကြောင့်ခုချိန်မှာဆိုရင် Aoe Skill ပါတဲ့ Hero တွေရဲ့ Combo တွေကို အနည်းငယ်ဖော်ပြသွားပါမယ်။


ပထမဆုံးအနေနဲ့ Hero တော်တော်များများနဲ့ Combo ဆော့လို့ကောင်းတဲ့ Aoe Skill ပါတဲ့ Tank ကတော့ Tigreal ပဲဖြစ်ပါတယ်။ သူရဲ့ Ultimate နဲ့ လူတွေကို စုလိုက်တဲ့အချိန် hero တော်တော်များများရဲ့ Skill နဲ့ Combo ချိတ်ဆော့လို့ကောင်းပါတယ်။ AOE Skill ပါ Tank ဆိုတော့ သူနဲ့ချိတ်ဆော့လို့ကောင်းတဲ့ AOE Skill တွေကတော့ Ling ရဲ့ Ultimate, X.Borg, Terizla, Guinevere နဲ့ Bane တို့ရဲ့ Ultimate , Mage ထဲမှာဆိုရင်တော့ Kadita, Kagura, Lylia နဲ့ Vale တို့အပြင် Esmeralda တို့ရဲ့ Skill နဲ့ Ultimate တွေက တခြား Mage တွေထက်ပိုကြမ်းတဲ့ Combo ကိုပေးပါလိမ့်မယ်။


Marksman ထဲမှာဆိုရင်တော့ Clude အဝင်အထွက်မှန်တဲ့ Ulti လဲကောင်းသလို Irithel ရဲ့ Ulti ပစ်ချက်တွေကလဲ စုနေတဲ့ ရန်သူ Hero တွေကို အချိန်ခဏလေးအတွင်းမှာ သေစေနိုင်ပါတယ်။ သို့သော်လဲ Combo ဆိုတာလုပ်ချင်တိုင်း လုပ်မရသလို Hero အပြောင်းအလဲတွေကလဲရှိတာမို့ ချိန်တွက်ပြီး Battle ဆိုင်ရင်း Tigreal နဲ့အတူ Combo နိုင်တဲ့ Hero တစ်ကောင်လဲပါမယ်ဆိုရင် Battle မှာအနိုင်ရရှိမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာလဲ Tank တွေနဲ့အတူ Combo ချိတ်ကောင်းတဲ့ Hero တွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။


သတင်းအရင်းမြစ် Lord Htun
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။