လက်ရှိကျင်းပလျှက်ရှိတဲ့ မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲကို မြန်မာနိုင်ငံအနှံ့အပြာမှာ ကျင်းပပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ စည်ကားသိုက်မြိုက်တဲ့ မဏ္ဍပ်ကြီးတွေနဲ့အတူ အနုပညာရှင်များစွာကလည်း သွားကောက်ဖျော်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ပြည်တွင်းနာမည်ကြီးမဏ္ဍပ်ကြီးတွေထဲမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မဏ္ဍပ်ကြီးတွေနဲ့အတူ စည်ကားတဲ့ အခြားမဏ္ဍပ်တွေကလည်းများစွာရှိနေတာတွေ့ရပါတယ်။
![](https://s5.kh1.co/d5/d58a1feff64e1c1319b5f474e7e5bd050ba94189.jpg)
![](https://s5.kh1.co/12/124f7238e5cf1233aea46a84dcd19718a93ba311.jpg)
![](https://s5.kh1.co/17/173ddda5a5741de6f6225bdf02e68c9531950b80.jpg)
လက်ရှိကျင်းပနေတဲ့ နှစ်သစ်သင်္ကြန်မဏ္ဍပ်တွေထဲမှာ ထူးထူးခြားခြား နဲ့စည်စည်ကားကားကျင်းပနေတဲ့ မဏ္ဍပ်တစ်ခုကတော့ ပရိသတ်တွေကြားမှာရေပန်းစားနေတာတွေ့ရပါတယ်။ အဆိုပါ မဏ္ဍပ်ကြီးကတော့ ရှမ်းပြည်နယ် အင်းလေးမှာ ကျင်ူပပြုလုပ်နေတဲ့ ရေပေါ်မဏ္ဍပ်သင်္ကြန်ပွဲလေးပဲဖြစ်ပါတယ်။
![](https://s6.kh1.co/2c/2c80014eff69069b9166f3be76b869bd7e09fc08.jpg)
![](https://s4.kh1.co/32/323409d373c58a402aa390e261f148fa8a194552.jpg)
![](https://s4.kh1.co/67/674833f8ec4205958b54b18ea9ad31231f5c14dd.jpg)
သာမာန်မဏ္ဍပ်တွေနဲ့မတူပဲ ရေပေါ်မှာပြုလုပ်ထားတာဖြသ်ပြီး သင်္ကြန်ယိမ်းအကမယ်များနဲ့အတူ ချစ်စရာဖျော်ဖြေမှုတွေကတော့ ပြည်တွင်းပရိသတ်တွေသာမက ပြည်ပမှလာရောက်လည်ပတ်သူတွေကိုပါ လိုက်ပါကခုန်စေခဲ့တာတွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေနဲ့ မြန်မာ့သင်္ကြန်ကို ဆင်နွှဲနေကြတဲ့ ရှမ်းပြည်အင်းလေး ရေပေါ်သင်္ကြန် ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။
Photos - Chaw Yadana
![](https://s4.kh1.co/3c/3c62711a27b5e8ac825a29c4c715cc93addfc8dd.jpg)
![](https://s4.kh1.co/ce/ce4ecc3dc27f949619a8903829d5b68e40623620.jpg)
![](https://s5.kh1.co/a7/a7056034b2519734f2dd4b6a48b631a60196f445.jpg)
![](https://s6.kh1.co/e5/e5cdc717f1331a39328a2ca402cfe2db14263be6.jpg)
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။