ရီးရဲအသင်းရဲ့ ဝါရင့်ကစားသမားနှစ်ဦးဟာ အပြန်အလှန်ပြောဆိုကာ စကားများခဲ့ကြပြီး အသင်းဖေ်ာများက ဝိုငးဝန်းထိန်းသိမ်းခဲ့ကြရတယ်လို့ သိရပါတယ်။ လေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းနှစ်ဖက်ခွဲကစားခဲ့ကြပြီးတော့ မာဆယ်လိုပါဝင်တဲ့ အသင်းက အနိုင်ရခဲ့လို့ မာဆယ်လိုက အောင်ပွဲခံခဲ့ရာမှာ ပြသနာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

မာဆယ်လိုရဲ့ အောင်ပွဲခံတဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ရာမို့စ်က ဒေါသထွက်ခဲ့ပြီး နှစ်ဦးကြား စကားများခဲ့ကြပြီး အသင်းဖော်တွေက ဝိုင်းဝန်းဖျန်ဖြေပေးခဲ့ရပါတယ်။တစ်ချိန်တုန်းကတော့ ရော်နယ်ဒို မာဆယ်လို ရာမို့စ်ဆိုပြီး ရီးရဲအသင်းဟာ ဆုဖလားတွေရယူခဲ့ပေမဲ့ အခုတော့ ရန်တွေပါဖြစ်နေကြပါတယ်။ 

မာဆယ်လိုဟာ လာမယ့်ဘောလုံးရာသီမှာ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိသလို ရာမို့စ်ကတော့ အသင်းဥက္ကဌ ပီရက်ဇ်နဲ့လည်း စကားများထားပြီး အသင်းပြောင်းမယ်လို့သတင်းထွက်နေခဲ့ပါတယ်။ ဒီအကြောင်းတွေရဲ့နောက်ကွယ်က ရော်နယ်ဒိုတစ်ယောက်အသင်းက ထွက်သွားတာနဲ့ သက်ဆိုင်နေပြီး ရော်နယ်ဒိုမရှိတဲ့ ရီးရဲဟာ အခုတော့ အသင်းတိုင်းကြောက်ခဲ့ရတဲ့ ရီးရဲမဟုတ်တော့ပါဘူး ရီးရဲပရိသတ်တွေလဲ ရော်နယ်ဒိုကို အတော်လွမ်းနေကြပြီဖြစ်ပါတယ်။

source: fox sport 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။