ဖစ်လစ်ပိုင်နိုင်ငံရဲ့ ကမ္ဘာ့ကျော်လက်ဝှေ့ဖိုက်တာတွေထဲမှာ ပက်ကွီအိုဆိုတာနဲ့ အားလုံးသိကြမယ်ထင်ပါတယ်။ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှ ဖိုက်တာကြီးများစွာနဲ့ ထိုးသတ်ခဲ့ဖူးသူတစ်ယောက်ဖြစ်သလို အောင်မြင်မှုများစွာရရှိခဲ့တဲ့ ကမ္ဘာကျော်လက်ဝှေ့သမားတစ်ယောက်လည်းဖြစ်ပါတယ်။ ပက်ကွီအိုကတော့ လက်ရှိဘောင်ဆင်လောကမှာ ရေပန်းစားခဲ့သူတစ်ယောက်ဖြစ်ပြီး အမေရိကန်လက်ဝှေ့ ချန်ပီယံ မေဝယ်သာအပြင် အခြားနာမည်ကြီး လက်ဝှေ့သမားများစွာနဲ့ ထိုးသတ်ခဲ့ဖူးသူတစ်ယောက်လည်း ဖြစ်ပါတယ်။  

အဆိုပါ ပက်ကွီအိုရဲ့ ပွဲစဉ်တွေထဲမှာ ပရိသတ်တွေမသိရှိခဲ့ရတဲ့ မြန်မာ့လက်ဝှေ့ပွဲစဉ်တစ်ပွဲလည်း ပါဝင်ခဲ့တာတွေ့ရပါတယ်။ ၎င်းပွဲစဉ်ကတော့ မြန်မာ့နိုင်ငံရှိ မြန်မာ့လက်ဝှေ့ကြိုးဝိုင်းထဲမှာ လာရောက်ထိုးသတ်ခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီး မြန်မာ့လက်ဝှေ့လောကရဲ့ နာမည်ကြီးလက်ဝှေ့ဖိုက်တစ်ဦးဖြစ်တဲ့ သပြေညိုနဲ့ ထိုးသတ်ခဲ့တာပဲဖြစ်ပါတယ်။ ရှာဖွေတွေ့ရှိချက်အရ အဆိုပါပွဲစဉ်ကတော့ မေဝယ်သာနဲ့ မထိုးသတ်မီကလာရောက်ထိုးသတ်ခဲ့တာဖြစ်ပြီး ဒုတိယအချီမှာပဲ သပြေညိုရဲ့ ထိုးချက်တွေကြောင့် လဲကျရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။  

ကမ္ဘာကျော်လက်ဝှေ့ဖိုက်တာကြီးတစ်ဦးရဲ့ မြန်မာ့လက်ဝှေ့လောကမှာ ရှုံးနိမ့်ခဲ့ဖူးတဲ့ ပွဲစဉ်မှတ်တမ်းကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ အဆိုပါ ပွဲစဉ်ကတော့ ပက်ကွီအိုရဲ့ လက်ဝှေ့ထိုးသတ်မှု ပထမဆုံးရှုံးပွဲတစ်ပွဲဖြစ်ခဲ့သလို ပထမဆုံးမြန်မာ့လက်ဝှေ့ထိုးသတ်မှုပွဲတစ်ပွဲလည်းဖြစ်ခဲ့ကြောင်း သိရပါတယ်။ မြန်မာ့လက်ဝှေ့အစွမ်းကို သိရှိခဲ့ဖူးတဲ့ ဖစ်လစ်ပိုင်ကမ္ဘာ့လက်ဝှေ့ဖိုက်တာကြီး ပက်ကွီအို နဲ့ သပြေညိုတို့ရဲ့ ပွဲစဉ်ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်များအတွက် မျှဝေပေးလိုက်ပါတယ်။

Video - Aye Aye Moe Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။