လာမည့် ဒီဇင်ဘာလ ၁၆ရက်နေ့မှာ ယှဉ်ပြိုင်ထိုးသတ်ကြမယ့် လက်ရှိချန်ပီယံဒေဝနဲ့ ချန်ပီယံဟောင်း ထွန်းထွန်းမင်းတို့ရဲ့ မကျေပွဲကိုတော့ ပရိသတ်တွေလည်း စောင့်မျှော်နေကြပြီထင်ပါတယ်။ ဒီဇင်ဘာလရဲ့ ပွဲကောင်းတစ်ပွဲဖြစ်သလို ထွန်းထွန်းမင်းရဲ့ သိက္ခာပြန်လည်ဆယ်ယူနိုင်မယ့်ပွဲကောင်းတစ်ပွဲဆိုလည်း မှားမယ်မထင်ပါဘူး။ အဆိုပါ မြန်မာ့လက်ဝှေ့ဖိုက်တာနှစ်ယောက်ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကတော့ ၃ကြိမ်ရှိခဲ့ပြီး ယခုတစ်ကြိမ်မှာလည်း ဘယ်သူကအနိုင်ရရှိမလဲဆိုတာ ပရိသတ်တွေလည်း စိတ်ဝင်တစားရှိနေကြမယ်ထင်ပါတယ်။ 

အဆိုပါ လက်ဝှေ့ပွဲကြီးမှာထွန်းထွန်းမင်းကတော့ လက်ရှိချန်ပီယံဒေဝကို အလဲထိုးနိုင်မှသာ ချန်ပီယံအဖြစ်သက်မှတ်ခြင်းခံရမှာဖြစ်ပြီး သရေရလဒ်ရရှိခဲ့ပါက ဒေဝကတော့ချန်ပီယံရာထူးကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်း သိရပါတယ်။ လက်ဝှေ့ပွဲတိုင်းမှာ လက်သီးချက်ထက် ပညာအသားပေးကစားတက်တဲ့ ဒေဝကတော့ အဆိုပါပွဲမှာ အနိုင်မခံအရှုံးမပေး နောက်မတွန့်ပဲ ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သူ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင်ရေးသားထားတာတွေ့ရပါတယ်။  

မြန်မာ့ဂုဏ်နှင့် ရှုံးကြွေးကို ပြန်လည်ဆက်နိုင်ဖို့ အကောင်းဆုံးတိုက်ကွက်တွေနဲ့ ပြင်ဆင်ထိုးသတ်ရန်လိုအပ်နေတဲ့ ထွန်းထွန်းမင်းရဲ့ လက်တလောလေ့ကျင့်မှုတွေကိုတော့ ပရိသတ်တွေလည်း တွေ့မြင်ခဲ့ကြမယ်ထင်ပါတယ်။ ဒီဇင်ဘာလရဲ့ အကောင်းဆုံးလက်ဝှေ့ပွဲတစ်ပွဲဖြစ်လာမည့် ဒေဝနဲ့ ထွန်းထွန်းမင်းတို့ရဲ့ ချန်ပီယံစိန်ခေါ်မှုကို ချစ်ပရိသတ်တွေနဲ့အတူအားပေးဖို့မျှျဝေပေးလိုက်ပါတယ်။

Photos - dave

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။