မြန်မာ့သိုင်းပညာကို ပြည်တွင်းမှာလေ့လာလိုက်စားသူအနည်းငယ်သာရှိနေပြီး အခြားသောသိုင်းပညာရပ်တွေကို ပိုမိုလိုက်စားနေကြတာတွေ့ရပါတယ်။ အဆိုပါ မြန်မာ့သိုင်းပညာတွေကိုတော့ လက်ရှိအမေရီကန်နိုင်ငံမှာ လူအများစုလေ့လာလိုက်စားနေပြီး ထင်ရှားကျော်ကြားတဲ့ ပညာရပ်တစ်ခုအဖြင့် လူသိများနေတာတွေ့ရပါတယ်။ အဆိုပါ ပညာရပ်တွေကို သင်ကြားပေးခဲ့တဲ့ ဆရာကြီးကတော့ မြန်မာ့လူမျိုးဒေါက်တာမောင်ကြီးပဲဖြစ်ပါတယ်။ ဆရာကြီးဒေါက်တာမောင်ကြီးကတော့ ၁၉၃၆ခုနှစ်မှာမွေးဖွားခဲ့တဲ့ မန္တလေးသားတစ်ယောက်ဖြစ်ပြီး ၁၉၆၀ မြန်မာ့ဗန်တိုပညာရပ်ကို အမေရိကန်နိုငံမှာ စတင်ပြန့်ပွားစေခဲ့သူတစ်ယောက်ဖြစ်ကြောင်းသိရပါတယ်။ 

ဒေါက်တာမောင်ကြီးကတော့ သိုင်းပညာကို ဖခင်ဖြစ်သူ ပညာရေးဝန်ကြီးဌာန အားကစားနှင့် ကာယပညာဒါရိုက်တာ နှင့် သိုင်းပညာရှင်ဖြစ်သူ ဆရာဘသန်း(ကြီး)ဆီမှရရှိခဲ့သည့်အပြင် အခြားအနောက်တိုင်း၊ အရှေ့တိုင်း သိုင်းပညာရပ်ပေါင်းစုံကိုလည်း လေ့လာသင်ယူခဲ့သူတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။ ဒေါက်တာမောင်ကြီး၏ ဆရာများမှာ လူမျိုးဘာသာပေါင်းစုံဖြစ်သည်။

ဆရာစောနီ ၊ ဆရာ အေ.ခန်း ၊ ဆရာတင်လှ ၊ ဆရာဇော်ပန် ၊ ဆရာတင်ထွန်း ၊ ဆရာလူရှိုင်း ၊ ဆရာဘသိန်း ၊ ဆရာ ဘာတန်ဂျီရိုင်း ၊ ကျားဘညိမ်း စသည်တို့မှာ ဒေါက်တာမောင်ကြီး၏ ဆရာများဖြစ်ကြောင်း သိရှိရပါတယ်။ 

ဒါအပြင် ၁၉၅၀တွင် ဂျပန်နိုင်ငံကောလိပ်တစ်ခုတွင် ပညာသင်ယူရင်း ကစ်ဘောက်ဆင်ပညာကို တတ်မြောက်လာခဲကြောင်းသိရပါတယ်။ ဆရာမောင်ကြီးက အမေရိကန် ဗန်ဒို သင်တန်းကျောင်း တွေမှာ ဗန်ဒိုရဲ့ အခြေခံ ကျင့်စဉ်တွေနဲ့ အဓိက ပုံစံ ၉မျိုးဖြစ်တဲ့ Bull, Boar, Cobra, Viper, Python, Panther, Tiger, Scorpion နဲ့ Eagle ပုံစံတို့အပြင် ၊ ဓားသိုင်း ၉မျိုး ၊ တုတ်သိုင်း ၉မျိုးတို့ကိုလည်း ဆန်းသစ်သင်ကြားစေခဲ့ကြောင်း သိရပါတယ်။ ဒါအပြင် စစ်တပ်လေ့ကျင့်မှုတွေမှာလည်း ပါဝင်သင်ကြားပေးခဲ့ပြီး လက်ရှိ အမေရိကန်နိုင်ငံမှာဖွင့်လှစ်ထားတဲ့ မြန်မာ့ဗန်တိုသင်တန်းကျောင်းများရဲ့ ဖခင်ကြီးတစ်ယောက်အဖြစ် လူသိများသူတစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဆရာကြီး ဒေါက်တာမောင်ကြီးရဲ့ တချိန်က ဗီဒီယိုဖိုင်လေးတွေကို ကြည့်ရှု့နိုင်ရန်မျှဝေပေးလိုက်ပါတယ်။

Photos - AhrMan 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။