လက်တလောပြည်တွင်း သေဆုံးမှုတွေထဲမှာ ကိုယ်ကိုကိုယ်သတ်သေမှုတွေကတော့ မရေမတွက်နိုင်အောင်များပြားလျှက်ရှိတာတွေ့ရပါတယ်။
အဆိုပါ သေဆုံးမှုတွေထဲမှာ ငယ်ရွယ်သူကျောင်းသား၊ ကျောင်းသူများစွာပါဝင်ခဲ့တာတွေ့ရပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် လည်း ပထဝီမေဂျာပထမနှစ်ကျောင်းသူတစ်ဦး တံတားပေါ်မှခုန်ချသွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ကတော့ ဒီကနေ့ စက်တင်ဘာလ ၁၁ရက်နေ့ နေ့လည် ၁၁နာရီ ၄၅မိနစ် အချိန်ခန့်တွင် ပြည်ခရိုင် ပန်းတောင်းမြို့နယ် နဝဒေးတံတားပေါ် အမှတ်(၃) တိုင်မာဖြစ်ပွာခဲ့တာဖြစ်ကြောင်း သိရပါတယ်။
သေဆုံးသူမှာ မလဲ့လဲ့ရည်ညောင်ကုန်း သဲကုန်းရပ်ပထဝီမေဂျာတွင် ပထမနှစ်သင်ကြားနေတဲ့ ကျောင်းသူတစ်ဦးဖြစ်ကြောင်း သိရပါတယ်။ ဒီကနေ့ သူငယ်ချင်းကောင်လေးတစ်ယောက်နှင့် ဆိုင်ကယ်စီးလာရင်း ဆိုင်ကယ်အရပ်တွင် နဝဒေးတံတား အမှတ်(၃)တိုင်မှာ ခုန်ချသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ မိသားစုဝင်တွေကို ဆက်သွယ်အကြောင်းကြားနေပြီး ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းမှုတွေပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
Photos - ပြည့်မောင်သံ(ပြည်)
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။