ကွန်ဖူးပညာကိုတော့ ချစ်ပရိသတ်ကြီး TVတွေမှာရော အပြင်မှာတော့ဖူးကြမှာပါ။ ဂျက်လီတို့ ဂျက်ကီချမ်းတို့ နဲ့ တရုတ်သိုင်းကားတွေမှာ ကွန်ဖူးကိုအဓိကထားပြီး တိုက်ခိုက်ရိုက်ကူးကြတာကြောင့် ကွန်ဖူးဟာ ကမ္ဘာ့ပေါ်မှာ လူမသိသူမရှိတဲ့ ပညာပဲဖြစ်ပါတယ် ယခုမှာတော့ ကွန်ဖူးပညာဟာ ဟန်ပြသာဖြစ်ပြီး အလိမ်အညာတွေသာဖြစ်တယ်လို့ ပြောဆိုပြီး ကွန်ဖူးပညာရှင်တစ်ဦးနဲ့တိုက်ခိုက်ခဲ့သူကတော့ Xu Xiaodongပဲဖြစ်ပါတယ်။ 

အသက် 39နှစ်အရွယ်ရှိပြီဖြစ်တဲ့ Xu Xiaodongဟာ တရုတ်နိုင်ငံရဲ့ MMAဖိုက်တာတစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံရဲ့ကျော်ကြားတဲ့ ကွန်ဖူးဆရာဖြစ်တဲ့ Dingဟာ အသက်၂၀သာရှိသေးတဲ့ Dingကို လူရှေ့မှာစိန်ခေါ်ပြီး ထိုးသတ်ခဲ့ပါတယ်။ ကင်မရာသမားတွေ ကြည်သူသူပရိသတ်တွေရှေ့မှာ ထိုးသတ်ခဲ့ပြီး စစထိုးချင်းတော့ ကွန်ဖူးဆရာဖြစ်တဲ့ Dingကအနိုင်ရရှိနေပါတယ်။  

နောက်ပိုင်းမှာ ကွန်ဖူးဆရာ Dingဟာ MMAဖိုက်တာဖြစ်တဲ့ Xu Xiaodongရဲ့ ပြင်းထန်တဲ့ လက်သီးတွေကိုမခံနိုင်တော့ဘဲ လက်သိးချက်တွေကြားမှာပဲ အ၇ှုံးပေးခဲ့ရပါတယ်။ အဆိုပါ ကွန်ဖူးဆရာ Dingနဲ့ MMAဖိုက်တာဖြစ်တဲ့ Xu Xiaodongတို့ရဲ့ စိန်ခေါ်ပွဲဟာ တရုတ်နိုင်ငံမှာ နာမည်ကြီးနေပြီး ကွန်ဖူးဆရာတွေကို သိက္ခာကျစေခဲ့ပါတယ်။ အဆို ကွန်ဖူးဆရာ နဲ့ MMAဖိုက်တာတို့တိုက်ခိုက်ခဲ့ကြတဲ့ ဗီဒီယိုကိုအောက်မှာကြည့်နိုင်ပါတယ်။

SOURCE: MAIL ONLINE 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။