နိုင်ငံကျော်ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသားသီဟတင်စိုးနဲ့ အိမ်ဖော်အမျိုးသမီး ဒေါ်ခင်မာမြင့်တို့ရဲ့ပြသနာတွေကတော့လက်တလောပရိသတ်ကြားမှာအရမ်းကို ရေပန်းစားနေတဲ့သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ သီဟတင်စိုးဟာ အိမ်ဖော်အမျိုးသမီးကို အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့ပါတယ်ဆိုပြီး ပြီးခဲ့တဲ့ ဇူလိုင်လ(၁၅)ရက်နေ့မှာ တရားလို မခင်မာမြင့်က တိုင်တန်းခဲ့တာပဲ ဖြစ်ပါတယ်။
ယနေ့မှာတော့ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုး အပေါ်မုဒိမ်းမှုနဲ့ အရေးယူဖို့ တိုင်ကြားတဲ့အမှုကို ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့က ဖြစ်စဉ်အမှန် ဖော်ထုတ်ပြီပဲဖြစ်ပါတယ်။ "ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် သရုပ်ဆောင် သီဟတင်စိုးအပေါ် မုဒိမ်းမှုဖြင့် အရေးယူရန် တိုင်တန်းချက်မှာ မှန်ကန်မှုမရှိဘဲ တရားလို ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်နှင့် ဒေါ်ညိုတို့ပူးပေါင်း၍ လီဆယ် တိုင်တန်းခြင်းဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့်ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါတယ်အခုတော့ သီဟတင်စိုးရဲ့အမှုဟာ အမှုပေါ်ပေါက်ခဲ့ပြီး အဆိုပါသတင်းကြောင့် ပရိသတ်တွေရော အနုပညာရှင်တွေ ပါ ဝမ်းသာမဆုံးဖြစ်ရပြီး ပျော်ရွင်နေကြပါတယ်။
SOURCE: DVB
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။