မြန်မာနိုင်ငံတော်ရဲ့ အဓိကပင်မသစ်ပင်ကြီးတစ်ခုဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို အားလုံးလေးစားမိမယ်ထင်ပါတယ်။ ပန်းတိုင်တစ်ခုရောက်ဖို့ အချိန်များစွာ ရင်းနှီးခဲ့ပြီး လက်ရှိ အသွင်သစ်အမြင်သစ် များစွာကို ဖန်တီးပေးနေသူတစ်ယောက်ဖြစ်တာကို အားလုံးလက်ခံမယ်ထင်ပါတယ်။ ဖခင်သွေးအပြည့်ပါသူတစ်ယောက်ဖြစ်ပြီး လက်ရှိအထိ ပြည်သူများရဲ့ အားကိုးရာ တစ်ခုပဲဖြစ်ပါတယ်။



ဒီကနေ့ ဇွန်လ ၁၉ရက်နေ့ဟာဖြင့် အမေစုရဲ့ ၇၃နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ အမေစု ၇၃နှစ်ပြည့် မွေးနေ့အတွက် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။ မွေးနေ့ကုသိုလ်အဖြစ် သံဃာတော်အပါး(၁၀၀)နှင့် သီလရှင်အပါး(၁၀၀)တို့အား ဆွမ်းဆန်စိမ်းလောင်းလှူကုသိုလ်ပြုလုပ်ခဲ့တာတွေ့ရပါတယ်။



အဆိုပါပွဲကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်အတူ အဖွဲ့ချုပ်နာယကကြီးဦးတင်ဦးနှင့်ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်နှင့်လွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်များမှ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် လောင်းလှူခဲ့ကြကြောင်း သိရပါတယ်။ အမေစုအတွက် ပြုလုပ်ပေးခဲ့တဲ့ မွေးနေ့အမှတ်တရလေးကို အမေစုနှင့်အတူ အမေစုသားသမီးအားလုံး ကြည်နူးမိမယ်ထင်ပါတယ်။ ဒီကနေ့ အစုမွေးနေ့အတွက် ဆုတောင်းစကားလေးတွေနဲ့အတူ အမှတ်တရလေးတွေပြုလုပ်ပေးလိုက်ပါအုန်းနော်
Photos - Popular News Journal




"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။