အခုလတ်တလော လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ဝေဖန်နေကြတဲ့ 3Dလူကူးမျဉ်းကြား နှင့်ပတ်သက်ပြီး ဖန်တီးရှင် အာကာကျော်က သူရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်က နေရှင်းလင်းလိုက်ပါတယ် ။ နိုင်ငံခြားမှာ ရေပန်းစားတဲ့ 3D လူကူး မျဉ်းကြား နဲ့ မြန်မာနိုင်ငံ က လူကူးမျဉ်းကြားတွေ ကို ပြည်သူအချို့ရဲ့ ဝေဖန်ပြောဆိုမှုတွေအတွက် ကိုအာကာကျော်က ရှင်းလင်းလိုက်တာဘဲဖြစ်ပါတယ်။

" ဒီ 3D လူကူးမျဉ်းကြား မျဉ်းကွေးလေးနဲ့ ပတ်သတ်ပြီး ပြောစရာတွေဖြစ်လာတော့ ကျနော်တောင်းပန်ချင်လို့ပါ.. ကျနော် လုပ်ထားတဲ့ အတွက် ကျနော့်မှာတာဝန်ရှိပါတယ်.. ကျနော့်အမှားပါ.. အဓိကက ကျနော်ညံ့တာပါ..ဘာကြောင့်ဘယ်လိုမှားတယ် ဘာညာတော့ မရှင်းပြချင်တော့ပါဘူး.. ရှင်းလေရှုပ်လေပိုဖြစ်မှာ စိုးတော့.. ကျနော့်အမှားတွေကို ကျနော် အပြည့်အဝတာဝန်ယူပါတယ်..နောက်ထပ် အများကြီးလေ့လာပြီး ကြိုးစားလုပ်ဆောင်ပါ့မယ်ခင်ဗျာ... လူကြီးမင်းတို့ အတွက်စိတ်အနှောက်အယှက်ဖြစ်သွားလို့ကျနော် အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျာ.." ဆိုတဲ့တောင်းပန်စာ ကို ဇော်ဂျီ ။ ယူနီကုတ် နှစ်မျိုး ဖြင့် သူ့ရဲ့ အကောင့်မှာ ရေးသားခဲ့တာဘဲဖြစ်ပါတယ်။

"ပိုမိုဘေးကင်းသောလမ်းမများဆီသို့"ဆောင်ပုဒ်ဖြင့်ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးအတွက်စီမံချက်ချဆောင် ရွက်လျှက်ရှိနေသော HEINEKEN မြန်မာမှပံ့ပိုးပေးခဲ့ခြင်းဖြစ်၊လူကူး မျဉ်းကြားများရေးဆွဲရန်အတွက်သုတ်ဆေးတန်ချိန်(၁၀)တန်ကိုလှူဒါန်း မည်ဖြစ်ပြီးလူကူးမျဉ်းကြား (၉၀)ခန့်ကိုပါအသစ်ပြန်လည်ရေးဆွဲ လှူဒါန်းဦးမည်ဖြစ်ကြောင်း လည်း သိရှိရပါကြောင်း ။

Source - Arker Kyaw 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။