ထွန်းထွန်းမင်းဟာ ၁၉၉၁ ခုနှစ် April လ ၂ ရက်နေ့၊ မွန်ပြည်နယ် မုဒုံကျေးရွာမှာမွေးဖွားပြီး ၂၀၁၄ ခုနှစ် "Openweight Lethwei World Champion" ပွဲမှာ လက်ရှိချန်ပီယံ စောငါးမန်း ကို အနိုင်ရရှိပြီးနောက် အသက် (၂၃) နှစ်နဲ့ အသက်အငယ်ဆုံး ချန်ပီယံဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက် သူ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ၂၀၁၇ ခုနှစ် "World Lethwei Championship" ပွဲမှာ လက်ရှိချန်ပီယံ ဒေဝ(ဒေ့ဗ်)ကို ရှုံးနိမ့်် ပြီးနောက် ဒူးဒဏ်ရာရရှိခဲ့ပြီး ကာလအတော်ကြာ လက်ဝှေ့လောကမှာ အနားယူထားတာဖြစ်ပါတယ်။

ချန်ပီယံ ထွန်းထွန်းမင်း ပွဲကို မျှော်လင့်နေတဲ့ ပရိသတ်တွေ အနေနဲ့ လာမဲ့ ၈ လပိုင်းမှာ ထိုင်းလက်ဝှေ့သမား တစ်ဦးနဲ့ ထိုးသတ်ဖို့ စာချုပ်ရှိတယ်လို့ဆိုပါတယ်။ ဒူးဒဏ်ရာကို ကုသရင်း လက်ဝှေ့လောကကနေ ကာလအတော်ကြာ အနားယူထားတာကြောင့် အားပေးတဲ့ ပရိတ်သတ်တွေကလဲ အတော်ကို မျှော်လင့်လို့နေပါတယ်။

လက်ဝှေ့ပွဲတွေမြင်တိုင်း အရမ်းထိုးချင်ခဲ့ပေမဲ့ ဒဏ်ရာကို ထိခိုက်မိရင် လဲကျမှာထက် လုံးဝ မထနိုင်မှာစိုးရိမ်ကြောင်း ထွန်းထွန်းမင်းက ပြောကြားထားပါတယ်။ လာမဲ့ ပွဲမှာ ဘယ်လိုလေ့ကျင့်မှုတွေ ကြိုးစားမှုတွေနဲ့ ယှဉ်ပြိုင်ထိုးသတ်တော့မလဲ ဆိုတာ လက်ဝှေ့ချစ် ပရိတ်သတ်များ စောင့်မျှော်ကြည့်ကြပါဦးနော်။

Source: Tun Tun Min facebook ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။