မေလ(၂)ရက်နေ့ ည(၁၂)နာရီခွဲ အချိန်၊ မော်လမြိုင်မှရန်ကုန် မောင်းနှင်လာတဲ့ အမှတ်(၃၆)အစုန်အမြန်ရထား အထက်တန်းတွဲပေါ်တွင် စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တစ်ဦးအား လစ်ပိုအအေးတိုက်၍ ငွေများနှိုက်ယူမှုဖြစ် ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အမှတ်(၃၆)အစုန်အမြန်လူစီးရထားကတော့ စက်ခေါင်းမောင်းဦးဝင်းနိုင် ၊ရထားထိန်းဦးအောင် ခိုင်ညွန့် လိုက်ပါတာ ဝန်ထမ်းဆောင်လာသော မော်လမြိုင်မှရန်ကုန်သို့ အစုန်အမြန် ရထားပဲ ဖြစ်ပါတယ်။
ဖြစ်စဉ်မှာတော့ ကျိုက်ထိုမြို့နယ် တောင် စွန်းဘူတာနှင့်မရမ်းကုန်းဘူတာကြားအရောက်တွင် အထက်တန်းတွဲ (၅)ထိုင်ခုံအမှတ်(A/1)တွင်လိုက်ပါစီးနင်းလာသောအောင်စိုးဝင်း(၂၁)နှစ်နေသူထံမှကပ်လျက်စီးနင်းလိုက်ပါလာသောအထက်တန်းတွဲ(၅)ထိုင်ခုံအမှတ်(B/6)မှဦးဝင်းရွှေ(၆၁)နှစ်ဟာအောင်စိုးဝင်းကိုလစ်ပိုအအေး(၁)လုံးတိုက်၍အိပ်ပျော်နေစဉ်အဝတ်အစားအိတ်ထဲမှ ငွေစက္ကူရောရာပါ(၃၃၅၀၀၀)နှိုက်ယူခဲ့တာပဲ ဖြစ်ပါတယ်။၎င်းမှငွေသား များနှိုက်ယူနေစဉ် တခြားခရီးသည်များမှ ရထားလိုက်လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့တာပဲ ဖြစ်ပါ တယ်။
ထို့ကြောင့်ရထားလိုက်လုံခြုံရေးရဲတပ်ဖွဲ့တပ်ကြပ်သန်းဦးနှင့်တပ်ဖွဲ့ဝင်များ၊လက်မှတ်စစ်ဦးအေးလွင်၊မှုခင်းကြီးကြပ်သူရဝင်းလွင်တို့နှင့်အတူစစ်ဆေးခဲ့ရာ၎င်းအိတ်ထဲမှSamsungဖုန်း(၁)လုံး၊LGဖုန်း(၁)လုံး၊Hawaiဖုန်း(၁)လုံး၊ပိုက်ဆံအိတ်(၂)အိတ်နှင့်ငွေစက္ကူရောရာပါသိန်း(၅၉၁၃၅၀)ကျပ်တွေ့ရှိရတာပဲ ဖြစ်ပါတယ်။ ၎င်းငွေများထဲမှ သိန်း (၃၃၅၀၀၀)ကျပ်မှာအောင်စိုးဝင်းအိပ်ပျော်နေစဉ်အဝတ်အစားအိတ်ထဲမှနှိုက်ယူခဲ့ကြောင်း ဝန်ခံထွက်ဆို သဖြင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက၎င်းအားဖမ်းဆီးပြီးပဲခူးဘူတာရထားရဲစခန်းသို့အပ်နှံခဲ့ကြောင်းသတင်းရရှိပါတယ်။
သတင်းအရင်းအမြစ် - မြန်မာ့အလင်း
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။