ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ၉၄ ရပ်ကွက် ယုဇနဥယျာဉ်မြို့တော်တွင် အိမ်ရာတိုက်ခန်းများ သောက်သုံးရေပြတ်လပ်မှုကြုံတွေ့နေရတယ်လို့ သိရပါတယ်။အိမ်ရာတိုက်ခန်းနေ ပြည်သူ များအနေနဲ့ သောက်သုံးရေပြတ် လပ်မှုကြောင့် ရေဝယ်ယူသုံးစွဲနေရတာပဲ ဖြစ်ပါတယ်။ ယုဇနဥယျာဉ်မြို့တော် (အေ၊ ဘီ၊ စီ) ဘလောက်အလိုက် အိမ်ရာ တိုက်ခန်းပေါင်း ၉ဝဝဝ ကျော် ဒေသခံပြည်သူများနေထိုင်လျက်ရှိ တယ်လို့ သိရပါတယ်။

သောက်သုံးရေပြတ်လပ်လျက်ရှိသည့် အိမ်ရာတိုက်ခန်းတွင် လတ်တလော ရေသုံးစွဲနိုင်ရန်အတွက် ၉၃ ရပ်ကွက်မှ ထွက်ရှိတဲ့ အဝီစိတွင်းရေကို သုံးဘီးဆိုင်ကယ်ရေသယ်ယာဉ်ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရပါတယ်။ထိုသို့ရောင်းချရာတွင် မြေညီထပ်ရေတစ်စည်ကို ငွေကျပ် ၁ဝဝဝ၊ ပထမထပ်ကို ငွေကျပ် ၁၂ဝဝ၊ (ဒု/တ) ထပ်ကို ငွေကျပ် ၁၅ဝဝ နှုန်း၊ အပေါ်ဆုံးထပ်ကို ငွေကျပ် ၂ဝဝဝ နှုန်းဖြင့် ရောင်းချ လျက်ရှိရာ အိမ်ရာတိုက်ခန်းများတွင် နေထိုင်လျက်ရှိကြတဲ့ ဒေသခံပြည်သူများမှ ဝယ်ယူသုံးစွဲနေရတာပဲ ဖြစ်ပါတယ်။ 

ထို့အပြင် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ဖြူဖြူခိုင်၊ ယုဇနအိမ်ရာအဖွဲ့ဝင်များနှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ(ရေနှင့် သန့်ရှင်းမှု) မြို့နယ် တာဝန်ခံ ဦးအန်ထော်နီတို့က ၉၄ ရပ်ကွက်ရှိ ရေဂါလန် ခြောက်သိန်းဆံ့ ရေလှောင်ကန်မှရေကို ယုဇနဥယျာဉ် မြို့တော် အိမ်ရာတိုက်ခန်းများသို့ ရေပြတ်လပ်မှု မရှိစေရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။  

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။