လက်ရှိ One Championship(MMA) ရဲ့ချန်ပီယံ အောင်လအန်ဆန်းကို ချစ်ကြမယ်ထင်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ (၂၃)ရက်နေ့မှာ ထိုးသတ်မယ့် MMA ပြိုင်ပွဲမှာတော့ အောင်လအန်ဆန်းအပါအဝင်အခြား ပွဲ ၇ ပွဲထိပါဝင်မှဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲတွင် အဓိကပွဲအဖြင့် ကချင်လူမျိုးဖြစ်တဲ့ မြန်မာတို့ရဲ့ စပါးကြီးမြွေ Aung La N Sang နဲ့ ဘရာဇီးမှ Alexandre Machado တို့ရဲ့ ပွဲပဲဖြစ်ပါတယ်။



အဆိုပါပွဲနှင့်ပတ်သက်ပြီးတော့လည်း အောင်လအန်ဆန်းကတော့ စံချိန်တင်ခဲ့ဖူးခြင်းမရှိသေးတဲ့ မတူညီတဲ့ ချန်ပီယံဆုနှစ်ဆုကို ရယူပြီး သမိုင်းသစ်တစ်ခု တင်နိုင်အောင်ကြိုးစားမည် ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ ဒီညပွဲနှင့်ပတ်သက်ပြီးတော့လည်း ကြိုတင်ပြင်ဆင်မှုများစွာကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ယနေ့ည ထိုးသတ်မယ့်ပွဲကို ရန်ကုန်တိုင်း သုဝဏ္ဍကွင်းတွင် ပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။



အဆိုပါ MMA ပွဲကို Sky Net Sports - 3 ရုပ်သံလိုင်းမှ ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပြိုင်ပွဲနှင့်ပတ်သက်ပြီး ဝင်ကြေးများကိုလည်း အနည်းဆုံး ကျပ်(၁၀၀၀၀) မှ အများဆုံး ကျပ်(၂၀၀၀၀၀) အထိ သတ်မှတ်ထားကြောင်းသိရပါတယ်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီးတော့လည်း အောင်လအန်ဆန်းသည် မြန်မာနိုင်ငံ ကလေးသူငယ်များအား ၎င်းအမည်ပါဝင်သည့် Promo Code ဖြင့်လက်မှတ်ဝယ်ယူသူများအား လျှော့ဈေးဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါတယ်။



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။