ဖေဖော်ဝါရီ (၆)ရက်နေ့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၄၈ လမ်းနှင့် အောင်ဇေယျလမ်းထောင့် တပ်မတော်မှ ဗိုလ်ကြီးအယောင်ဆောင် တရားမဝင် ကျောက်စိမ်း အရိုင်းတုံးများ သယ်ဆောင်လာသူတစ်ဦး ဖမ်းစီးရမိခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ဖြစ်စဉ်မှာ အောင်ဇေယျလမ်းထောင့်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ က ယာဉ်သွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် Crown အမျိုးအစား (လိုင်စင်မဲ့)ယာဉ်အမှတ်၊ YGN/--- အား ရပ်တန့်စစ်ဆေးခဲ့ရမှ အခုလို ကျောက်စိမ်း အရိုင်းတုံးများဖမ်းဆီးရမိခဲ့တာ ပဲဖြစ်ပါတယ်။ ယာဉ်ရဲ့ နောက်ဖုံးအတွင်းမှ ဂုန်နီအိတ်ဖြင့်ထည့်ထားသော တရားမဝင် ကျောက်စိမ်းအရိုင်းတုံး ဆိုဒ်စုံ ၇ တုံးကို ရှာဖွေတွေ့ရှိခဲ့ရကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောပါတယ်။ 

အဆိုပါ Crown အမျိုးအစား (လိုင်စင်မဲ့)ယာဉ်ကိုမောင်းနှင်လာသူကတော့ စောသန်းဇော်ဦး (ဘ)ဦးလှအေး အမည်ရှိအမျိုးသား တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ဖမ်းဆီးရမိသူ စောသန်းဇော်ဦးဟာ နယ်ခြားစောင့်တပ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသူ အဖြစ် တပ်ဖွဲ့ဝင်ကဒ်နှင့် စာရွက်စာတမ်း အတုများကိုင်ဆောင် ထားသူတစ်ဦးဖြစ်တယ်လို့လည်း စစ်ဆေးချက်များအရ သိရပါတယ်။၎င်းဟာ တပ်မတော်သား အယောင် ဆောင်ကာ တရားမဝင် ကျောက်စိမ်းတုံးများ သယ်ဆောင်လာတာ ပဲဖြစ်ပါတယ်။ 

အဆိုပါဖမ်းဆီးရမိသူ စောသန်းဇော်ဦး နှင့်အတူ မော်တော်ယာဉ်တစ်စီး၊ ကျောက်စိမ်းတုံးများအား အောင်ပင်လယ်ရဲစခန်းနှင့် မန္တလေးမြို့ အကောက်ခွန်ဦးစီးဌာနများသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်တယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။ဆက်လက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ချမ်းမြသာစည်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကာ တရားဥပဒေအရ ဆက်လက်ဆောင်ရွှက်သွား မယ်လို့ သိရပါတယ်။  

သတင်းအရင်းအမြစ် - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။