အေးမြတဲ့ ရာသီဥတုနဲ့လိုက်ဖက်တဲ့ လှပတဲ့ပန်းတွေများစွာဖူးပွင့်တဲ့ ပန်းမြို့တော်ပြင်ဦးလွင်ကို ပရိတ်သတ်ကြီးတို့ ရောက်ဖူးကြမယ်ထင်ပါတယ်။

ပြင်ဦးလွင်ဟာ ကမ္ဘာလှည့်ခရီးသည်တွေ ၊ ပြည်တွင်းခရီးသည်တွေ အများဆုံးလာရောက်လည်ပတ်တဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။ ၎င်းပန်းမြို့တော်ကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကိုဆွဲဆောင်နေတဲ့ ရှေးကျတဲ့ဟိုတယ်တစ်ခုလည်းရျိပါတယ်။

အရမ်းကိုရှေးကျတဲ့ဟိုတယ်ကတော့ နန်းမြိုင်ဟိုတယ်ဘဲဖြစ်ပါတယ်။ နန်းမြိုင်အဆောက်အဦးကို မြန်မာနိုင်ငံတွင် ၁၉၁၈ ခုနှစ်မှ ၁၉၂၂ ခုနှစ်အထိ စီရင်အုပ်ချုပ်ခဲ့သော ဒုတိယဘုရင်ခံ Sir.Reginald H.Craddock လက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၈နှစ်မှာတော့ ၎င်းဟိုတယ်ရဲ့ နှစ်တစ်ရာပြည့်အခမ်းအနားကို ၎င်းဟိုတယ်တည်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် မတ်လ ၁ ရက်နေ့မှစတင်၍ ဧပြီလ ၃၀ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

နှစ်တစ်ရာပြည့်အခမ်းအနားတွင် ဂီတဖျော်ဖြေရေးပွဲများအပြင် ရုပ်ရှင်အစည်းအရုံးနှင့်ညှိုနှိုင်း၍လည်း ဖျော်ဖြေတင်ဆက်မှုများပြုလုပ်သွားမည်ဖြစ်သည်။ ထို့အပြင် အငြိမ့်၊ မြေဝိုင်းဇာတ်၊ ရုပ်သေးပွဲများ၊ စာပေဟောပြောပွဲများ၊ ကလေးစာပေပွဲတော်နှင့် ဈေးရောင်းပွဲတော်များလည်း ထည့်သွင်းပြုလုပ်သွားမယ်လို့လည်းသိရပါတယ်။ ဒီပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ "ဒီနှစ်တစ်ရာပြည့်ပွဲက ကျွန်တော်တို့ ငှားရမ်းတဲ့ကာလမှာ တိုင်ဆိုင်နေတဲ့အခါကျတော့ အများသူငါတွေသိရှိအောင် ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းနေတဲ့ အနေအထားတွေကို အများသူငါ ပါဝင်လာအောင်ဆိုပြီး ဒီပွဲကို ရည်ရွယ်ကျင်းပခြင်းဖြစ်ပါတယ်"လို့လည်း တာဝန်ရျိသူရဲ့ ပြောကြားချက်အရသိရှိရပါတယ်။ 

Source - Mizima 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။