ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးဆိုင်ရာ အပ်စိုက် မီးနင်းတဲ့ အခမ်းအနားပွဲကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့ တွင် ကျင်းပခဲ့တာ ပဲဖြစ်ပါတယ်။ အဆိုပါ ပွဲတော်ကိုတော့ ဟိန္ဒူဘာသာဝင် ရှရီရော့ဆွာမိ လူသူ တော်စင် ကြီး ရဲ့ အထိမ်းအမှတ်အနေနဲ့ ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ မှ ၃၁ ရက် အထိ ၃ ရက်ကြာ ကျင်းပခဲ့ပြီး နောက်ဆုံးနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာတော့ မြို့တွင်းကို လမ်းလျှောက်လှည့်ပြီး ရှရီရော့ဆွာမိ ရုပ်တုတည်ရှိတဲ့ ဘုရားကျောင်းမှာ မီးနင်းခဲ့ကြတာ ပဲဖြစ်ပါတယ်။
 
                        
                     
                        
                    “အခုလို ဘာသာရေး ယုံကြည်ကိုးကွယ်သူတွေက သူတို့ရဲ့ အပြစ်တွေကို ဆေးကြောဖို့ ကျန်းမာဖို့အတွက်ရည် စူးပြီး အခုလို ပါဝင် လုပ်ဆောင်နေကြတာ”လို့ ဂေါပကအဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးထွန်းလင်းက ပြောပါတယ်။ အဆိုပါ ဘာသာရေးဆိုင်ရာ အခမ်းအနားပွဲတော်ကို ပြည်ခရိုင်နဲ့ ပဲခူးခရိုင် အပါအဝင် အခြားနယ်မြို့တွေက ဟိန္ဒူဘာသာဝင် လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ အခုတရက်တည်းမှာပဲ ဘုရားကျောင်းရှိတဲ့ အခြား မြို့တွေမှာ လည်း တချိန်တည်း ကျင်းပခဲ့ကြသလို ဘာသာဝင်မဟုတ်တဲ့ ယုံကြည်သူတွေပါ လာရောက်ခဲ့ ကြတယ်လို့ ပူဂျာရီ ဆရာ ရှရီနာရာယနန်က ဆိုပါတယ်။
 
                        
                     
                        
                    ဒီဘာသာရေးအခမ်းအနားကို မတိုင်ခင် ကြိုတင် ဥပုသ်သီလ ခံယူကြပြီး ဇန်နဝါရီ ၂၉ ရက်နေ့မှာ ဧရာဝတီမြစ်ထဲမှာ ရေချိုးသန့်စင်ကြပါတယ်။အဲဒီနောက်မှာ အပ်စိုက်ပွဲ ပြုလုပ်ပြီး မြို့တွင်းက ဘုရားကျောင်းတွေကို လှည့်လည် ဝင်ရောက် ဂါရဝပြုကြပြီး နောက်ဆုံး မီးဖိုထားတဲ့ ဘုရားကျောင်းကို ရောက်ရှိကာ မီးနင်းပွဲ ဆင်နွှဲခဲ့ကြပါတယ်။
 
                        
                    သတင်းအရင်းအမြစ် - မင်းညို
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
    Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
    
 
               
               
               
					 
					 
              