ရတနာပုံအသင်းရဲ့လက်ရှိဂိုးသမားချမ်းငြိမ်းကျော်ဟာ
မနက်ဖြန်မှာသူ့ရဲ့အသင်းဟောင်းနဲ့ပြန်လည်ရင်ဆိုင်ရမှာပါ။
ရခိုင်အသင်းနဲ့အတူတောက်ပတဲ့လက်စွမ်းတွေကိုပိုင်ဆိုင်
ခဲ့တဲ့ချမ်းငြိမ်းကျော်ဟာရခိုင်အသင်းခေါင်းဆောင်ဟောင်းတစ်
ဦးလည်းဖြစ်ပါတယ်။ဒီနှစ်ဘောလုံးရာသီမှာတော့ဆုဖလားတွေနဲ့အတူ
နိုင်ငံလက်ရွေးစင်ဂိုးသမားတစ်ယောက်ဖြစ်ချင်တာကြောင့်ရတနာပုံအသင်းကိုပြောင်းရွှေ ့ခဲ့တာပါ။ရခိုင်အသင်းကိုစွန့်ခွာခဲ့ရပေမယ့်
သူ့အနေနဲ့သံယောဇဉ်ရှိနေဆဲဆိုတာမေးစရာမလိုပါဘူး။

မနက်ဖြန်ညနေလေးနာရီမှာမန္တလာသီရိအားကစားကွင်းကြီး
ထဲမှာအသင်းဟောင်းနဲ့ပြန်လည်ရင်ရင်ဆိုင်ရမှာမို့စိတ်လှုပ်ရှား
မိတယ်လို့သူကပြောပြပါတယ်။"အသင်းဟောင်းနဲ့
ပြန်လည်ကစားရမှာဖြစ်လို့စိန်လှုပ်ရှားမိပါတယ်။ရခိုင်
အသင်းဟာအသင်းကောင်းတစ်သင်းဖြစ်တာမို့ရတနာပုံ
အသင်းအတွက်လွယ်ကူမယ်လို့တော့မထင်ပါဘူ"လို့သူက
ပြောပါတယ်။တိုက်စစ်မှူးဆန်းဒေးဟာသတိထားရမယ့်ကစား
သမားပါလို့သူကခပ်လောင်းပြောကြားပါတယ်။

ရတနာပုံအသင်းဟာမနှစ်ကနှစ်ကျော့စလုံးရခိုင်အသင်းနဲ့သရေကျခဲ့ပါတယ်။ဒုတိယအကျော့ရခိုင်နဲ့သရေကျခဲ့တာဟာ
ရတနာပုံရဲ့ချန်ပီယံကာကွယ်ရေးလမ်းကြောင်းကိုများစွာ
အတားအဆီးဖြစ်ခဲ့ရပါတယ်။ဒီနှစ်မှာတော့ရတနာပုံနည်းပြ
အောင်ကျော်မိုးဟာရခိုင်အသင်းကိုအနိုင်ယူနိုင်ဖို့ဆန္ဒပြင်းပြ
နေပါတယ်။ ရခိုင်အသင်းဟာနေရှင်နယ်လိဂ်အဖွင့်ပွဲမှာ
စစ်ကိုင်းနဲ့သရေကျခဲ့ပြီးရတနာပုံကတော့ဧရာဝတီကိုဂိုးပြတ်
အနိုင်ယူထားပါတယ်။ခြေစွမ်းပြနေတဲ့စည်သူအောင်
ရခိုင်နဲ့ပွဲမှာဆက်လက်ခြေစွမ်းပြသွားအုံးမလားဆိုတာတော့.


Source-MNL
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။