မန်ချက်စတာယူနို်င်တက်အသင်း၏ တိုက်စစ်မှူး နစ္စတယ်ရွိုင်းကိုတော့ ပရိသတ်ကြီးမှတ်မိအုံးမှာပါ။ သူ့ကိုတော့ မန်ချက်စတာယူနိုင်တက်ပရိသတ်တွေက နွားသိုးကြီးလို့ ခေါ်ပါတယ်။ နစ္စတယ်ရွိုင်းကတော့ မန်ချက်စတာယုူနိုင်တက်ကနေ ရီးရဲမက်ဒရစ်သို့ နောက်ပိုင်းမှာ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ထို့ကဲ့သို့ နစ္စတယ်ရွိုင်းပြောင်းရွှေ့ခဲ့တာက ရော်နယ်ဒိုနှင့် ပြသာနာဖြစ်ခဲ့ခြင်းကြောင့်လို့ အတွင်းသိတစ်ဦးက ဖွင့်ဟခဲ့ပါတယ်။


ယူနိုက်တက် ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးဖြစ်သူ အလုပ်သမား အမှုဆောင်အဖွဲ့ချုပ် အကြီးအကဲဟောင်း အလာစတဲယား ကမ့်ဘဲ က နစ္စတယ်ရွိုင်း နဲ့ ပတ်သက်ပြီး ဆာအဲလက်စ် အကျပ်ရိုက်ခဲ့ရကြောင်းကို သူ့ရဲ့ အသစ်ထွက်ရှိလာတဲ့ စာအုပ်ထဲမှာ ရေးသားဖော်ပြသွားခဲ့ပါ တယ် ။ နစ္စတယ်ရွိုင်း ဟာ ထိုစဉ် က အသင်းရဲ့ လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ရိုနယ်လ်ဒို နဲ့ စကားများခဲ့ပြီး ယူနိုက်တက် လက် ထောက်နည်းပြ ကွီးရော့ဇ် ( ပေါ်တူဂီလူမျိုး ) ကို ရိုနယ်လ်ဒို ရဲ့ အဖေအသစ်လို့ ပြောဆို သုံးနှုန်းခဲ့တယ်လို့ ကမ့်ဘဲ က ရေးသားဖော်ပြသွားခဲ့ပါတယ်။ထိုအချိန်မှာ ရိုနယ်လ်ဒို ၏ ဖခင် ဖြစ်သူမှာ အရက် သောက် စားမှုကြောင့် ရောဂါ ရရှိကာ ကွယ်လွန်သွားခဲ့ပြီးဖြစ်ပါတယ်။

“ရိုနယ်လ်ဒို နဲ့ ရုဒ် တို့ နောက်ဆုံးအကြိမ် စကားများခဲ့ကြတုန်းက ရိုနယ်လ်ဒို မှာ အဖေအသစ် ရနေပြီလို့ ရုဒ် က ပြောခဲ့ပါတယ် ။ ကားလို့ ကွီးရော့ဇ် ကို ပြောချင်တာပါ ။ ကွီးရော့ဇ် က ဖခင် မရှိတော့တဲ့ ရိုနယ်လ်ဒို အပေါ် လေးစားသမှု ထားရှိဖို့ ရုဒ် ကို ပြောဆိုခဲ့ပေမယ့် ရုဒ်ဘက် က ငြင်းဆန်ခဲ့ပါတယ် ။ နောက်ပိုင်းမှာ ရိုနယ်လ်ဒို ကို ရုဒ်ပြန်တောင်းပန်ခဲ့ပေမယ့် အရာရာက နောက်ကျခဲ့ပါပီ ။ ဒီအကြောင်းတွေကို အဲလက်စ် ( ဖာဂူဆန် ) သိလိုက် ရချိန်မှာ ရုဒ် ကို သူ အိမ် ပြန်ပို့ထားခဲ့ပါတယ် ။ ဘာဆက်လုပ်ရမလဲဆိုတာ အဲလက်စ် မသိခဲ့ဘဲ အကျပ်ရိုက်နေခဲ့ပါတယ်” လို့ ကမ့်ဘဲ က သူ့ရဲ့ ဒိုင်ယာရီ စာအုပ်မှာရေးသားချက်ကို Times သတင်းစာကို ပြောပြသွားခဲ့တာဖြစ်ပါတယ် ။ ရုဒ် ဗန်နစ္စတယ်ရွိုင်း ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲပေါင်း ၁၅၀ တိတိ ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ် သွင်းဂိုး ၉၅ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ် ။ အဆိုပါ နွေရာသီမှာတော့ နစ္စတယ်ရွိုင်း ဟာ ရီးရဲမက်ဒရစ် အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိသွားခဲ့ပါတယ် ။
Source – SM , Daily Mail
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။