ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်မြောက်ပိုင်းဒေသမှာ သံသယရှိဖွယ် တရုတ်ကင်းထောက်မိုးပျံပူပေါင်းကို အစိုးရက စောင့်ကြည့်နေတယ်လို့ အမေရိကန်အရာရှိနှစ်ဦးနဲ့ ကာကွယ်ရေးအကြီးတန်းအရာရှိတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
![](https://s9.kh1.co/92/92a222a873d1bc6460e851d97c2920dac581d3ba.jpg)
![](https://s9.kh1.co/bb/bb11ef07e0699abe9e40393e3335707b64905761.webp)
ဝေဟင်ပိုင်နက်အတွင်း မောင်းနှင်လာတဲ့ အဲ့ဒီကင်းထောက်မိုးပျံပူပေါင်းကို အမေရိကန်စစ်တပ်က ခြေရာခံကြည့်ရှုခဲ့ကြောင်း အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။ မိုးပျံပူပေါင်းကို ပစ်ချလိုက်ရင် မြေပြင်ပေါ်က လူတွေပေါ် အပျက်အစီး အပိုင်းအစတွေ ပြုတ်ကျလာနိုင်တဲ့အတွက် ပစ်မချတာလို့ ဆိုပါတယ်။ ဒါပေမယ့် မိုးပျံပူပေါင်းကို ပစ်ချဖို့ အိမ်ဖြူတော်က အမိန့်ပေးရင် တိုက်လေယာဉ်တွေ ပြင်ဆင်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောပါတယ်။
![](https://s9.kh1.co/06/0671f46133d90a432a98c6e6e337d1fe580059a0.jpg)
![](https://s9.kh1.co/d4/d4a17e159fd0a87dca0ff515ddeae4702a12145c.jpg)
မိုးပျံပူပေါင်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ကို ခြေရာခံစောင့်ကြည့်နေနိုင်တာကြောင့် အမေရိကန်နိုင်ငံရဲ့ ထောက်လှမ်းရေးကို သိသိသာသာ ခြိမ်းခြောက်နိုင်စွမ်းမရှိကြောင်း ၊ ပူပေါင်းဟာ အလွန်မြင့်မားစွာ ပျံသန်းနေတဲ့အတွက် လေကြောင်းလိုင်းတွေကိုလည်း ခြိမ်းခြောက်နိုင်စွမ်း မရှိဘူးလို့ ဆိုပါတယ်။
![](https://s9.kh1.co/9d/9d041df2b0e6df7b2aef585335380f02d763f80f.webp)
သတင်းအရင်းမြစ်: CNA
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။