Reply 1988 ရဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Lee Se Young ဟာဆိုရင် မျက်နှာခွိစိတ်မှု ပြုလုပ်ပြီး ပရိသတ်တွေကို အံ့အားသင့်အောင် လုပ်ဆောင်ခဲ့ပါတယ်။ Lee Se Young က သူမရဲ့ ထူးထူးခြားခြားပြောင်းလဲလာတဲ့ ပုံစံကို မျက်နှာမခွဲစိတ်ခင်တုန်းက ပုံစံနဲ့ နှိုင်းယှဉ်ပြခဲ့တာဖြစ်ပြီး နောက်ထပ် လူတစ်ယောက် ပြောင်းလဲသွားတဲ့ ပုံစံနဲ့ ပရိသတ်တွေကို အံ့အားသင့်သွားစေခဲ့ပါတယ်။

မျက်နှာခွဲစိတ်လိုက်ရင် တော်တော်များများက လှသွားကြတယ်ဆိုပေမယ့် Lee Se Young ရဲ့ အလှတရားကတော့ ထူးထူးခြားခြားကို ကံကောင်းလို့ ရတဲ့ အလှတရာ ပုံစံမျိုး ဖြစ်လို့နေပါတယ်။ မျက်နှာ နောက်တစ်ခု ပြောင်းလဲသွားတဲ့ Lee Se Young ရဲ့ ခွဲစိတ်ပြီးနောက် ဓာတ်ပုံကို အောက်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


Lee Se Young က ဟာသသရုပ်ဆောင် အဖြစ် ပွဲဦးထွက်ခဲ့တဲ့သူဖြစ်ပြီး ရုပ်ဆိုးလွန်းတာကြောင့် လှောင်ပြောင် သရော်ခြင်းတွေ အများကြီး ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ Lee Se Young က ဝေဖန်တိုက်ခိုက်မှုတွေကြားထဲကနေ အကောင်းဆုံး ကြိုးစားပြီး လေ့ကျင့်ခန်းတွေမှန်မှန် လုပ်သလို ၊ အဝတ်အစား ဝတ်စားပုံတွေကိုပါ ပြောင်းလဲခဲ့ပါတယ်။


Lee Se Young က မေးစိသွယ်သွယ်နဲ့ မျက်နှာသေးသွားအောင် ခွဲစိတ်ခဲ့ပြီး ၊ ၃၆ ကီလိုဂရမ်အထိ ကျသွားအောင် ဝိတ်ချခဲ့တယ်လို့ ဆိုပါတယ်။ ဒါ အပြင် မျက်ခွံ ခွဲစိတ်မှုတွေကိုလည်း ပြုလုပ်ခဲ့ပြီး ၊ နှာခေါင်းကိုလည်း မြှင့်ခဲ့ကာ ပါးရိုးတွေကိုလည်း ချခဲ့တယ်လို့ ဆိုပါတယ်။


Lee Se Young ရဲ့ ပြောင်းလဲသွားတဲ့ ပုံစံက ပရိသတ်တွေအားလုံးကို အံ့အားသင့်သွားစေခဲ့ပါတယ်။ Lee Se Young က ၁၉၈၉ ခုနှစ်မှာ မွေးဖွားခဲ့တဲ့သူဖြစ်ပြီး Reply 1988 ဇာတ်လမ်းတွဲမှာ Duksun ရဲ့ အကောင်းဆုံး သူငယ်ချင်း အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Lee Se Young က လက်ရှိမှာ လက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့ ချစ်သူလည်း ရှိတယ်လို့ သိရပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။