(၂၀၂၂)ခုနှစ် ဟာ ဆုံးရှုံးမှုတွေများစွာကို ကြုံတွေ့ခဲ့ရပြီး အဲ့ထဲမှာမှ (၂၀၂၂) ခုနှစ် ရဲ့ အကြီးမားဆုံးသော အသည်းကွဲစေတဲ့ သတင်းကတော့ (၁၁)နှစ်ကြာလက်တွဲချစ်ခင်လာခဲ့ပြီး ပရိသတ်တွေကတောင် ကမ္ဘာ့အချစ်တတ်ဆုံးစုံတွဲ လို့ တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ ကမ္ဘာကျော် အဆိုတော် ရှကီရာ နဲ့ ကမ္ဘာကျော်ဘောလုံးသမား ပီကေးတို့ ပြတ်စဲလမ်းခွဲခဲ့တဲ့ သတင်းပါပဲ။

အဲ့ဖြစ်စဉ် ဟာ ဘောလုံးသမား ပီကေး ရဲ့ ဖောက်ပြန်မှုကြောင့် ပြတ်စဲခဲ့ရတာဖြစ်ပြီး အဆိုပါဖောက်ပြန်မှု က ယောကျာ်းထုကြီးကိုပါ အထိနာစေခဲ့တဲ့ သတင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။ အဆိုပါဖောက်ပြန်မှု ကို ရှကီရာ က အမှတ်မထင် သိခဲ့တယ် လို့ ပရိသတ်တွေကထင်ခဲ့ကြပေမယ့် တကယ်တော့ ရှကီရာ က ထိုဖောက်ပြန်မှု ကို အကွက်ချကာ ရှာဖွေစုံစမ်းခဲ့တယ် ဆိုတာ တဖြည်းဖြည်း နဲ့ ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်။

ရှကီရာ ဟာ ပီကေး ကို မယုံသင်္ကာဖြစ်ခဲ့တာကြောင့် ပီကေးနောက်သို့ လိုက်ရန် စုံထောက်တစ်ဦးကို ငှားရမ်းခဲ့ပြီး အဲ့စုံထောက် ရဲ့ ရှာဖွေစုံစမ်းမှုကြောင့် ပီကေး နဲ့ ကလယ်ရာ တို့ ဖောက်ပြန်နေတယ်ဆိုတာ ပေါ်လာခဲ့တာဖြစ်ပါတယ်။ စုံဖောက်ငှားလိုက်ခြင်း ရဲ့ ကောင်းကျိုးကြောင့် ပီကေး နဲ့ ကလယ်ရာ တို့ ရဲ့ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့တာဖြစ်တယ် လို့လည်းသိရပါတယ်။ အခုတော့ နှစ်ဦးစလုံးဟာ ဘဝသစ်တွေမှာ ကိုယ့်ဘဝကိုယ်လျှောက်လှမ်းရင်း ပျော်နေကြပါပြီ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။