ထိုင်းမင်းသမီး Bella ကတော့ ထိုင်းနိုင်ငံရဲ့ အောင်မြင်ကျော်ကြားနေတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်သလို Movie Drama များစွာရိုက်ကူးထားတဲ့ ထူးချွန်တဲ့ Super star တစ်ယောက်လဲ ဖြစ်ပါတယ်။ သူမရဲ့ အောင်မြင်မှုတွေကလည်း ထိုင်းနိုင်ငံအတွင်းမှာသာမက ပြည်ပထိ ထိုးဖောက်အောင်မြင် နေသူလည်း ဖြစ်ပါတယ်။

အနုပညာအလုပ်တွေအပြင် နာမည်ကြီး Brand တော်တော်များများရဲ့ Brand ambassador တစ်ယောက်မဖြစ် ခန့်အပ်ထားခံရတဲ့ သူလည်း ဖြစ်ပါတယ်။အချစ်ရေးမှာတော့ ကံမကောင်းရှာတဲ့ Bella ဟာ သူမနဲ့ ၉ နှစ်ကျော်လောက်တွဲခဲ့တဲ့ ထိုင်းမင်းသား Weir နဲ့ လမ်းခွဲ့ခဲ့ပြီးနောက် Weir ကတော့ မင်္ဂလာဆောင်ပြီး သမီးလေးမွေးကာ သူမကတော့ လက်ရှိအချိန်မှာ Single ဂုဏ်ပုဒ်ကို ကိုင်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

သူမရဲ့ ပရိသတ်တွေ ဖန်တွေကတော့ သူ့မကို ထိုင်းမင်းသား Pope Thanawat နဲ့ သဘောတူနေ ကြတာဖြစ်ပါတယ်။ Bella က Pope နဲ့ “ချစ်ဖူးစာ၊ ရာနှုန်းပြည့် မာယာလှည့်ကွက် စတဲ့ Drama တွေမှာ တူတူတွဲသရုပ်ဆောင်ဖူးခဲ့ကြပါတယ်။ နှစ်ယောက်လုံးကလည်း Single တွေဖြစ်ကြသလို Drama ထဲမှာလည်း Chemistry မိလွန်းနေတာကြောင့် အရမ်းကို လိုက်ဖက်နေပြီး Real-life Couple ဖြစ်ဖို့ ဝိုင်းပြီး Ship နေကြတာပဲ ဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Bella Ranee Myanmar Fan Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။