တနင်္လာနေ့က Koh Samui မှာ ပင်လယ်ထဲ မျောပါသွားခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ထိုင်းမီဒီယာတစ်ခုဖြစ်တဲ့ One News 31 က Instagram မှာ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီမြန်မာအမျိုးသားဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက Koh Samui မှာရှိတဲ့ ပင်လယ်ကမ်းစပ်က ကျောက်တုံးပေါ်မှာ ထိုင်ရင်းလှိုင်းလှုံးကြီးဖြင့် မျောပါသွားခဲ့တာ ဖြစ်ပါတယ်။

အခင်းမဖြစ်မီ မြန်မာနိုင်ငံသား ၃ဦးဟာ ဆိုင်ကယ်ဖြင့်လာရောက်ပြီး ပင်လယ်ရှုခင်းအလှကို ကြည့်ဖို့ ကမ်းစပ်ရဲ့ကျောက်ဆောင်သို့ဆင်းသွားခဲ့ကြောင်း ၊ ကျောက်ဆောင်နားတစ်ဝိုက်မှာ ပြင်းပြင်းထန်ထန်လှိုင်းလုံးကြီးများရိုက်ခတ်နေတာကြောင့် အန္တရာယ် ဖြစ်မည်ကို စိုးရိမ်ရသဖြင့် သူတို့ကို မဆင်းဖို့ တာဝန်ရှိသူတွေက သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

ခဏအကြာမှာ အမျိုးသားတစ်ယောက်က ရေထဲပြုတ်ကျသွားခဲ့လို့ နောက်ထပ် အဖော်သူငယ်ချင်းတစ်ယောက်က ကယ်ဖို့အတွက်သူပါ ရေထဲခုန်ချ ခဲ့တာတွေ့ရပါတယ်။ ရေလှိုင်းလုံးကြမ်းနေခဲ့တာကြောင့် သူငယ်ချင်းကိုရှာမတွေ့ခဲ့ဘဲ ကမ်းကိုပြန်ကူးလာခဲ့ပါတယ်။ ယင်းနောက် ကုန်းပေါ် ကျန်နေခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်က အခင်းဖြစ်နေရာကနေ ဆိုက်ကယ်ဖြင့် ကမန်းကတန်းစီးကာ ရဲစခန်းသို့တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံသားတစ်ဦး လှိုင်းလုံးများဖြင့်မျောပါသွားတဲ့ အဲ့ဒီဖြစ်ရပ်ကိုတော့ နိုင်ငံခြား ခရီးသွားတစ်ဦးက ဗီဒိုယိုရိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်အလောင်းကိုတော့ ပြုတ်ကျခဲ့သည့်နေရာမှ နှစ်ကီလိုမီတာအကွာရှိ ဟိုတယ်ကမ်းခြေတစ်ခုမှာ ပြန်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သတင်းအရင်းမြစ်: Source - thethaiger/ mingalapar
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။