အီရန် မြို့တော် တီဟရန် ရဲ့ အဓိကအချက်အချာကျတဲ့ ရင်ပြင်တစ်ခုမှာ စုံတွဲတစ်တွဲ ကခုန်ခဲ့တဲ ဗွီဒီယိုတစ်ခု ထွက်ပေါ်လာပြီးနောက်မှာ အဆိုပါ စုံတွဲကို အီရန်အစိုးရ က ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ အဆိုပါစုံတွဲ မှာ အသက် (၂၁) နှစ် အရွယ် အစ်တီရာဟာဂီဂီ ဟာ အမျိုးသမီး ခေါင်းဆောင်းခြုံပုဝါ မဝတ်ထားဘဲ သူမရဲ့ စေ့စပ်ထားတဲ့ အသက် (၂၂) နှစ်အရွယ် အာမဲ မိုဟာမတ် အမာဒီနဲ့ တွဲကနေခဲ့တာဖြစ်ပါတယ်။ ကနေတဲ့ ဗီဒီယို ပြန့်နှံ့အပြီး မနက်အစောပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သူတို့ နှစ်ဦးရဲ့ နေအိမ် ကို ပထမဆုံးအကြိမ်ဝင်ရောက်စီးနင်းခဲ့ကြောင်း ၊ အဲ့ဒီနောက် စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်သွားပြီး အကျဉ်းထောင်သို့ လွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို အများပြည်သူလူမြင်ကွင်းက ရင်ပြင်မှာ ကခုန်နေတဲ့ သူတို့ စုံတွဲနှစ်ဦးကို နိုင်ငံတော် လုံခြုံရေးကို နှောင့်ယှက်ဖို့ ရည်ရွယ်ချက်နဲ့ စုဝေးမှု၊ ပူးပေါင်းကြံစည်မှုတို့နဲ့ စွဲချက်တင်ခံရပြီး ထောင်ဒဏ် (၁၀) နှစ်ခွဲစီ ကျခံစေခဲ့ကြောင်း လူအခွင့်အရေး တက်ကြွလှုပ်ရှားသူများ သတင်းအေဂျင်စီက သိရပါတယ်။ အဓိက ဖမ်းဆီးအချုပ်ချရတဲ့အကြောင်းအရာ မှာ အမျိုးသမီးဖြစ်သူက ခေါင်းဆောင်း ခြုံပုဝါ မခြုံခဲ့လို့လို့ ဆိုပါတယ်။

အစ်တီရာနဲ့ အာမဲ မိုဟာမက်တို့နှစ်ဦး တင်ခဲ့တဲ့ အင်စတာဂရမ် ပို့စ်က လူစုလူဝေးလုပ်ဖို့ အားပေးပြီး ရုန်းရင်းဆန်ခတ်နဲ့ လူစုလူဝေးဖြစ်စေဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရကြောင်း မီဇန် အွန်လိုင်းက ပြောကြားခဲ့ပါတယ်။ တရားသူကြီး အဘိုလ် ဂျာဆန် ဆာ လာဗာတီက အဲ့ဒီ အမှုကို တရားသူကြီး အကြီးအကဲအဖြစ် တာဝန်ယူခဲ့ပြီး စုံတွဲနှစ်ဦးသား ဆိုရှယ်မီဒီယာပေါ်မှာ ဗွီဒီယိုတွေ တင်ခြင်းအတွက်(၂) နှစ်ပိတ်ခြင်း၊ နိုင်ငံထဲကနေ (၂) နှစ်ကြာ နေထိုင်ခွင့်တားမြစ်ခံရခြင်း စသဖြင့် ချမှတ်ခဲ့ကြောင်း သိရပါတယ်။



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။