ပါကစ္စတန်နိုင်ငံ Peshawar ရှိ ဗလီတစ်ခုမှာ တနင်္လာနေ့က ကြောက်မက်ဖွယ်ကောင်းတဲ့ အသေခံဗုံးခွဲမှုဖြစ်ပွားပြီးနောက် သေဆုံးသူဦးရေမှာ ၅၉ ဦးမှ အနည်းဆုံး ၁၀၀ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဆေးရုံပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Lady Reading Hospital ရဲ့ ပြောရေးဆိုခွင့်ရှိသူ Muhammad Asim Khan က တိုက်ခိုက်မှုပြီးနောက် အနည်းဆုံး လူ ၁၀၀ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက် အခင်းဖြစ်ပွားရာနေရာဗလီဟာ ဗုံးဒဏ်ကြောင့် အတော်လေးကို ထိခိုက်ပျက်စီးသွားတာ တွေ့ရပါတယ်။

တနင်္လာနေ့ကတော့ ပါကစ္စတန် တာလီဘန်အဖွဲ့ (TTP) မှ တာဝန်ရှိသူများက အဆိုပါ ဗုံးခွဲမှုဟာ ယမန်နှစ်က ၎င်းရဲ့ စစ်သွေးကြွတစ်ဦး သေဆုံးမှုအတွက် လက်စားချေခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ TTP ရဲ့ အဓိကပြောရေးဆိုခွင့်ရှိသူက သူတို့အဖွဲ့ဟာ တိုက်ခိုက်မှုမှာ ပါဝင်ခြင်းမရှိကြောင်း CNN က ဖော်ပြခဲ့ပါတယ်။

ပါကစ္စတန် အာဏာပိုင်များကတော့ အဆိုပါ ပြောဆိုချက်တွေကို အတည်မပြုနိုင်သေးဘဲ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဗုံးခွဲသူဟာ ဖောက်ခွဲရေးပစ္စည်းများကို ဖောက်ခွဲခဲ့ချိန်မှာ ဝတ်ပြုသူ ၄၀၀ ခန့်ရှိ ဗလီအတွင်းမှာ ရှိနေခဲ့ပြီး ၅၉ ဦး နေရာမှာ သေဆုံးခဲ့ပြီး ၎င်းတို့အနက် ၂၇ ဦးမှာ ရဲအရာရှိများ ဖြစ်ကြပါတယ်။ ဒဏ်ရာရဝတ်ပြုသူ ၁၇၀ အနက် အများစုမှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

သတင်းအရင်းမြစ်: Source - thethaiger
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။