မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုက သိပ်မကြာခင်ကာလ က ဆော်ဒီနိုင်ငံ က နာမည်ကျော် ဆော်ဒီကလပ် အသင်းတစ်ခုဖြစ်တဲ့ အယ်နက်ဆာနဲ့ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အခုဆိုရင်တော့ သူ့ရဲ့ ဆော်ဒီမြေက ကစားပွဲတွေကို သိပ်မကြာခင် ကာလတစ်ခုကတင်ပဲ ပွဲဦးထွက်ကစားပြီးခဲ့ပြီလို့ သိရပါတယ်။

အယ်နက်ဆာအသင်းဟာ ဆော်ဒီအစိုးရရဲ့ ထောက်ခံ အားပေးမှုနဲ့အတူ ရော်နယ်ဒိုကို တစ်နှစ်လျှင် လုပ်ခလစာ ပေါင် (၁၇၀) သန်းအထိ ပေးချေကာ (၇) နှစ် သက်တမ်းအထိ စာချုပ်ချုပ်ဆိုသွားဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ရော်နယ်ဒို တစ်ယောက် ဘောလုံးသမား ဘဝ က အနားယူသွားခဲ့ရင်တောင် ဆော်ဒီရဲ့ ဘောလုံးရေးရာ တာဝန်ရှိသူ တစ်ဦး အဖြစ် (၅)နှစ်ကြာ လုပ်ကိုင်ပေးဖို့ ကမ်းလှမ်းထားခဲ့တဲ့အတွက် ရော်နယ်ဒို ဟာ သူ့ကိုတန်ဖိုးထားတဲ့ ဆော်ဒီ က အသင်းဆီကို စာချုပ်ချုပ်ပြီးပြီးချင်းမှာပဲ ထွက်သွားခဲ့တာဖြစ်ပါတယ်။

သေချာတာတစ်ခုကတော့ ရော်နယ်ဒို ဟာ ဆော်ဒီနိုင်ငံက အယ်နက်ဆာ အသင်းနဲ့အတူပျော်ရွှင်နေခဲ့ပုံပါပဲ။ သူဟာ ပွဲဦးထွက်အနေနဲ့ PSG အသင်း နဲ့ ကစားခဲ့ရာမှာလည်း သူ့အနေနဲ့ စိတ်ဖိစီးမှုလုံးဝမရှိဘဲ ပျော်ရွှင်နေခဲ့တယ် လို့ သိရပြီး သူ့ ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာဆိုရင်လည်း အခုနောက်ပိုင်းမှာ သူ့ရဲ့ လှုပ်ရှားမှုတွေကို အဆက်မပြတ်ဆိုသလို တင်နေခဲ့ပြီး အခုအခါမှာလည်း သူ့ကို ခြေစွမ်းကျနေပြီ ၊ အသက်ကြီးနေပြီ လို့ ပြောနေသူတွေကိုလည်း အပြင်းအထန်လေ့ကျင့်ခန်းပြုလုပ်နေခဲ့တဲ့ ပုံတွေနဲ့ မသိမသာ ပြန်လည်ချေပလာခဲ့ပါတယ်။ ရော်နယ်ဒို ကတော့ တကယ်ကို ရော်နယ်ဒို လို့ဆိုရလောက်အောင် ကျစ်လျစ်သန်မာနေတာကိုလည်း ပရိသတ်တွေကြည့်ရှုနိုင်စေရန်ဖော်ပြလိုက်ရပါတယ်။





"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။