ပတ္တရားက ပင်လယ်ပြင်မှာရှိတဲ့ နာမည်ကြီး ရေပေါ် စားသောက်ဆိုင်ဟာ တနင်္လာနေ့ ညနေပိုင်းက တစ်ဝက်လောက် နစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။ Krakenian အမည်ရတဲ့ အဆိုပါ ၂ ထပ် လှေမှာ စားသောက်ဆိုင်၊ ဂီတဖျော်ဖြေမှု၊ ကာရာအိုကေ ခန်းမတွေ ရှိပြီး ကင်းမွန်မျှားလို့လည်း ရတယ်လို့ ဆိုပါတယ်။

Photo Credit -bangkokpost

တနင်္လာနေ့ ညနေ ၄ နာရီလောက်က ပတ္တရားပင်လယ်ပြင်မှာ လေပြင်းများတိုက်ပြီး လှိုင်းကြီးခဲ့တာကြောင့် လှေဟာ တစ်ခြမ်းစောင်းကာ ရေတစ်ဝက်လောက် နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။ သတင်းရဲ့ ဖော်ပြချက်အရ ရေစုပ်စက် မကောင်းလို့ အခုလို နစ်မြုပ်သွားတာလို့ ဆိုပါတယ်။

Photo Credit -Nation

ကယ်ဆယ်ရေး အဖွဲ့တွေဟာ လှေပေါ်က ဝန်ထမ်းတွေကို ဘေးကင်းရာကို ရွှေ့ပြောင်းပေးခဲ့ပြီး အခင်းဖြစ်ချိန်မှာ ဧည့်သည် တစ်ယောက်မှ မရှိပါဘူးခဲ့တာကြောင့် ထိခိုက်သေဆုံးတာတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေကတော့ ရေထဲ တစ်ဝက်လောက်မြုပ်နေတဲ့ လှေကို ရေပေါ် ပြန်ပေါ်ဖို့ အချိန် တစ်နာရီလောက်ကြာအောင် ကြိုးစားခဲ့ရပါတယ်။

သတင်းအရင်းမြစ်: Source - ဘန်ကောက်လမ်းညွန်ကိုစိုင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။