ဘောလုံးဝါသနာရှင်တွေအားလုံးရဲ့ အချစ်တော် ၊ ခန္ဓာကိုယ်တည်ဆောက်ထိန်းသိမ်းမှုမှာ ဆရာကျလွန်းတာကြောင့် ပရိသတ်ရဲ့ လေးစားအားကျမှုကို အပြည့်အဝရရှိထားသူ ၊ ဘောလုံးအားကစားနဲ့ပတ်သက်လာရင် အင်မတန် စိတ်အားထက်သန်မှုများသူ ၊ ဘောလုံး ဟာ သူ့ရဲ့ ဘဝကြီး လို့ကို ခံယူထားသူကတော့ အားလုံးက ဒိုလေး လို့ ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ စီရော်နယ်ဒို ပါပဲ။

စီရော်နယ်ဒိ ဟာ (၂၀၂၂) ခုနှစ်မှာ သူ့ဘဝရဲ့ အလှည့်အပြောင်းတချို့ကို အတော်လေး ခံစားခဲ့ရပါတယ်။ သူ့အနေနဲ့ ခြေစွမ်းကျလာမှုတွေကို ကြုံတွေ့လာရသလို သူခြေစွမ်း ကျလာခဲ့ပြီဆိုတာကိုလည်း ပရိသတ်တွေတော်တော်များများ က လက်သင့်ခံလာရတဲ့ အနေအထားကို ကြုံတွေ့ခဲ့ရပြီး ဒါဟာ သူ့ဘဝရဲ့ အမှောင်ဆုံးနေ့ရက်တွေထဲ ပါဝင်ခဲ့တယ်ဆိုတာ တစ်ကမ္ဘာလုံး က ပရိသတ်တွေကလည်း လက်ခံခဲ့ကြပါတယ်။

သို့ပေမယ့် စီရော်နယ်ဒို ဟာ (၂၀၂၃) ခုနှစ်မှာတော့ သူ့ဘဝရဲ့ အမှောင်ဆုံးနေ့ရက်တွေကိုကျော်ဖြတ်နိုင်ခဲ့ပုံပါပဲ။ သိပ်မကြာခင် ရက်ပိုင်း ကကျရောက်ခဲ့တဲ့ သူ့အမျိုးသမီးဂျော်ဂျီနာ ရဲ့ အသက်(၂၉)နှစ်ပြည့်မွေးနေ့မှာ သူ့ကို ပျော်ရွှင်စွာတွေ့ခဲ့ရပါတယ်။ ဘဝမှာ အဆိုးဆုံးကိုရင်ဆိုင်ရတဲ့အချိန်အထိ အတူတူရှိပေးခဲ့တဲ့ ဇနီး နဲ့ မိသားစုကို အချိန်ပေးရင်း ပျော်ရွှင်နေတဲ့ စီရော်နယ်ဒို ကို ပရိသတ်ကြီးကြည့်ရှုနိုင်စေရန်ဖော်ပြပေးလိုက်ရပါတယ်။



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။