တောင်အာဖရိကရှိ ကိတ်တောင်း အရှေ့ဘက်ပြည်နယ် ဂျီကွီဘဟာ မြို့က နေအိမ်တစ်အိမ်မှာ တနင်္ဂနွေနေ့က ပါတီပွဲကျင်းပနေရင်း အမည်မသိတဲ့ သေနတ်သမားနှစ်ဦးက ပစ်ခတ်ခဲ့တာကြောင့် လူ ၈ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Photo Credit -Reuters

ဒဏ်ရာရသူ နှစ်ဦးမှာ ဆေးရုံတက်နေရဆဲဖြစ်ပြီး တတိယ ဒဏ်ရာရရှိသူကတော့ ဆေးရုံက ဆင်းရပြီလို့ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့ တဲ့နှစ်က နိုင်ငံကို ထိတ်လန့်တုန်လှုပ်စေခဲ့တဲ့ အစုလိုက်အပြုံလိုက် သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအပြီးမှာ ဖြစ်ပွားခဲ့တာပါ။ ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တုန်းက သေနတ်သမားများရဲ့ အပြန်အလှန်ပစ်ခတ်မှုမှာ လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။

Photo Credit -Reuters
Photo Credit -Reuters

တောင်အာဖရိကနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသတ်မှုနှုန်းအမြင့်ဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ သန်း ၆၀ ရှိသည့်အနက် နှစ်စဉ် လူပေါင်း ၂၀,၀၀၀ ခန့် သေဆုံးလျက်ရှိပါတယ်။ Gun Free South Africa လှုပ်ရှားမှုအဖွဲ့ရဲ့ အဆိုအရ နိုင်ငံအတွင်း မှတ်ပုံတင်ထားတဲ့ သေနတ် ၃ သန်းခန့် ရှိပေမယ့် မှတ်ပုံတင်ထားခြင်း မရှိသေးတဲ့ အများအပြားလည်း ရှိနေပါတယ်။

Photo Credit -Reuters

သတင်းအရင်းမြစ်: Source -Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။