ဖိလစ်ပိုင်မှာ ကြက်သွန်နီဈေးနှုန်းဟာ ဝက်သားထက်တောင်ပိုပြီး ဈေးကောင်းလာခဲ့တယ်လို့ သိရပါတယ်။ တရားဝင်ညွှန်ပြတဲ့ ဇယားများအရ ကြက်သွန်နီဈေးနှုန်းဟာ ပြီးခဲ့တဲ့ လကတည်းက ပီဆို ၇၀၀ (အမေရိကန်ဒေါ်လာ ၁၂) အထိ စတင်တက်ခဲ့တာ ဖြစ်ပါတယ်။ လက်တလောမှာတော့ မနီလာစူပါမားကတ်များမှာ ကြက်သွန်နီဈေးနှုန်းများဟာ မကြာသေးမီက တက်ခဲ့တဲ့ ဈေးနှုန်းထက် ပီဆို ၈၀၀ (အမေရိကန်ဒေါ်လာ ၁၅ နီးပါး) အထိ မြင့်တက်လာခဲ့ပြီလို့ဆိုပါတယ်။

Photo Credit - AFP
Photo Credit - AFP

ဒါကြောင့် အချို့စားသောက်ဆိုင်များမှာဆိုရင် ဟင်းလျာများမှ အဓိကပါဝင်ပစ္စည်းတွေကို ဖယ်ထုတ်ထားသလို မိသားစုများမှာလည်း ၁၄ နှစ်အတွင်း ငွေကြေးဖောင်းပွမှုအမြင့်ဆုံးနှင့် ရင်ဆိုင်နေကြရတာကြောင့် ကြက်သွန်နီကို မစားတော့ပါဘူး။ အစိုးရကတော့ အရင်လို ဝယ်လိုအားပြည့်မီကာ ပီဆို ၂၀၀ အောက် လက်လီဈေးများ ပြန်ရအောင် ကြက်သွန်နီ တန်ချိန် ၂၁၀၀၀ တင်သွင်းမှုကို ခွင့်ပြုခဲ့ပါတယ်။

Photo Credit - AFP
Photo Credit - AFP

ဒါပေမယ့် စျေးတွေက တဇွတ်ထိုး မြင့်နေသေးတာကြောင့် ဆောင်းရာသီမှာ ရိတ်သိမ်းဖို့ အန်ဂျလိစ်လို ကြက်သွန်စိုက်တောင်သူတွေက ပုံမှန်ထက်စောပြီး ရိတ်နေကြရပါတယ်။ ပြီးခဲ့တဲ့လကနေ တက်ခဲ့တဲ့ ကြက်သွန်နီဈေးနှုန်းဟာ မနီလာစူပါမားကတ် စင်ပေါ်သို့ ရောက်ရှိချိန်မှာ နေ့စဉ်အလုပ်လုပ်နေတဲ့ အနိမ့်ဆုံးလုပ်သားခထက် နှစ်ဆကျော် ဈေးတက်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit - AFP

သတင်းအရင်းမြစ်: Source - CNA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။