တောင်ကိုရီးယားနာမည်ကျော်မင်းသား ဆောင်းဂျွန်ကီဟာ ယမန်နေ့က သူ့ရဲ့ ချစ်သူ Katy နဲ့ လက်ထပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ထို့အပြင် ချစ်သူဖြစ်သူ Katy ဟာ ကိုယ်ဝန်(၃) လ ရှိနေပြီဖြစ်ကြောင်း သတင်းထွက်ပေါ်ခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ အံ့အားသင့်ခဲ့ရပါတယ်။

သူတို့နှစ်ယောက်ဟာ မကြာခင်အချိန်အတွင်းမှာ မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ထားပြီ ပရိသတ်တွေနဲ့ သိချင်နေနေ အရာတစ်ခုလည်း ရှိနေတာ ဖြစ်ပါတယ်။ ဒါကတော့ ဆောင်းဂျွန်းကီဟာ ဆောင်းဟေကိုနဲ့ မင်္ဂလာဆောင်တုန်းကထက် ပိုပြီးခမ်းခမ်းနားနား ဆောင်မလား ဒါမှမဟုတ် ပုံမှန်အတိုင်းလေးပဲ ကျင်းပမှာ လားဆိုတဲ့ အရာပဲ ဖြစ်ပါတယ်။

ဆောင်းဂျွန်ကီနဲ့ ဆောင်း‌ဟေကိုတို့ဟာ ကိုရီးယားနိုင်ငံရဲ့ အလှပဆုံး မင်္ဂလာပွဲကျင်းပတဲ့ နေရာဖြစ်တဲ့ Yeong Bin Gwan၊ 1st floor Shilla Hotel မှာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ The Shilla ဟာ ဆိုးလ်မြို့ ရဲ့ အချက်အချာကျတဲ့နေရာတစ်ခုမှာ တည်ရှိရုံသာမက လှပတဲ့လက်ရာတွေကြောင့် အနုပညာရှင်တွေ မင်္ဂလာဆောင်ကြတဲ့ နေရာလည်းဖြစ်ပါတယ်။

သူတို့နှစ်ယောက် ကွာရှင်းပြီး (၄) နှစ်အကြာမှာတော့ ဆောင်းဂျွန်ကီဟာ ချစ်သူအသစ်နဲ့ လက်ထပ်ဖို့ ပြင်ဆင်နေပြီး သတင်းတွေအရ သူဟာ ဇနီးအသစ်လေးနဲ့ ခမ်းနားစွာမင်္ဂလာဆောင်မယ်လို့လည်း ကြားသိရပါတယ်။သို့ပေမယ့် မင်္ဂလာပွဲကို ဘယ်မှာကျင်းပဖြစ်မယ်ဆိုတာကို အတိအကျထုတ်ပြန်ထားခြင်း မရှိသေးတာပဲ ဖြစ်ပါတယ်။

Photos: Credit

သတင်းအရင်းမြစ်: Kbizoom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။