အမေရိကန်နာမည်ကြီးအမျိုးသမီးအဆိုတော် Selena Gomez ဟာ အောင်မြင်မှုများစွာရရှိထားတဲ့ အနုပညာရှင်ဖြစ်တဲ့ အလျှောက် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိနေခဲ့တာ ဖြစ်ပါတယ်။ဒါ့ကြောင့်ပရိသတ်တွေဟာ သူတို့ချစ်တဲ့အနုပညာရှင်နဲ့ ပက်သက်တဲ့ အရာမှန်သမျှကို အထူးဂရုစိုက်ပြီး စိုးရိမ်ပေးကြတာ ဖြစ်ပါတယ်။

မကြာသေးခင်က တက်လာတဲ့ ဗွီဒီယိုဖိုင်တစ်ခုကြောင့် ပရိသတ်တွေဟာ Selena အတွက် စိုးရိမ်ခဲ့ကြပါတယ်။အကြောင်းကတော့ သူမရဲ့ အရေပြားလေးဖက်နာရောဂါအတွက် ပရိသတ်တွေက စိုးရိမ်ခဲ့ကြတာ ဖြစ်ပါတယ်။

 Selena Gomez ဟာ အလှပြင်နေတဲ့ Video ကိုတင်ခဲ့ခြင်းဖြစ်ပြီး ရေမြှပ်တစ်ခုပေါ်ကို မိတ်ကပ်ဖျက်ဆေးအသုံးပြုနေချိန်မှာ သူမလက်တွေဟာ မတည်ငြိမ်ပဲ တုန်ယင်နေခဲ့တာ ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ သူမဟာ အခုလို ဖြစ်ရခြင်းရဲ့  အကြောင်းအရင်းကို ပရိသတ်တွေကို ရှင်းပြခဲ့ပါတယ်။

Selena က သူမရဲ့ အရေပြားလေးဖက်နာ ရောဂါအတွက် သောက်ရတဲ့ ဆေးတွေရဲ့ ဆိုးကျိုးကြောင့် လို့ပြောကြားခဲ့ပြီး ဒါကိုကြားရတဲ့ ပရိသတ်တွေအနေနဲ့ အင်မတန်စိုးရိမ်ပူပန်ခဲ့ကြပါတယ်။

@selenagomez

PSA I got most of these products free. I ain’t just rolling like that everywhere. Use any serum to take off make up before washing. It breaks it up nicely. Also use a sponge to wipe eyes to treat eyes delicately when removing make up. K I’m done pretending I know what I’m taking about.

♬ Never Be Me - Miley Cyrus

Photos: Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။