ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဘာသာရေးကျောင်းတစ်ကျောင်းမှ ကျောင်းသားများကို တင်ဆောင်လာတဲ့ လှေတစ်စင်းဟာ တနင်္ဂနွေနေ့က တိမ်းမှောက်ခဲ့လို့ ကလေးငယ် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကျောင်းသူ ရှစ်ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်ပြီး ဒဏ်ရာရသူ ခုနစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ခိုင်ဘာပက္ကတွန်ခဝါခရိုင် တာဝန်ရှိသူများက ပြောဆိုခဲ့ပါတယ်။

လှေတိမ်းမှောက်မှုမှာ သေဆုံးသွားတဲ့ ကျောင်းသားတွေက အသက် ၇ နှစ်ကနေ ၁၂ နှစ်ကြား ကလေးတွေဖြစ်ကြတယ်လို့ ရိုက်တာသတင်းဌာနကရရှိခဲ့တဲ့ စာရင်းအရ သိရပါတယ်။ သာရေးကျောင်းက ကျောင်းသား ၅၀ ခန့်ဟာ တန်ဒါ ရေကန်အနီး ပျော်ပွဲစားအတွက် စုရုံးရောက် ရှိခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။

ပါကစ္စတန်စစ်တပ် ရေငုပ်သမားများက စက်လှေတိမ်းမှောက်တဲ့ နေရာမှာ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရာမှာ ပါဝင်ကူညီခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနေ့မှာပဲ ပါကစ္စတန်တောင်ပိုင်းမှာ ဘတ်စ်ကား မတော်တဆမှု ဖြစ်ပွားမှုကြောင့် လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

သတင်းအရင်းမြစ်: Source - reuters
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။