ပီရူးနိုင်ငံ အနောက်မြောက်ပိုင်းရှိ ချောက်ကမ်းပါးတစ်ခုပေါ်မှာ ခရီးသည် ၆၀ တင်ဆောင်လာသော ဘတ်စ်ကားတစ်စီး ချောက်ထိုးကျခဲ့လို့ အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Qorianka Tours ကုမ္ပဏီပိုင်ဘတ်စ်ကားဟာ စနေနေ့က Lima မှထွက်ခွာပြီး အီကွေဒေါနယ်စပ်ရှိ Tumbes လမ်းပေါ်ရောက်ရှိနေချိန်မှာ ချောက်ကမ်းထဲထိုးကျခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာရရှိသူတွေကိုတော့ လီမာမြို့မြောက်ဘက် ကီလိုမီတာ ၁၀၀၀ (၆၂၀ မိုင်) အကွာရှိ နာမည်ကြီး အပန်းဖြေစခန်းများဖြစ်တဲ့ El Alto နှင့် Mancora ရှိ ဆေးရုံများကို ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

ပီရူးနိုင်ငံဟာ ယာဉ်မတော်တဆမှုများ အများဆုံးဖြစ်ပွားတဲ့ နိုင်ငံများထဲမှာ ပါဝင်ပြီး ၂၀၀၆ ခုနှစ်ကဆိုရင် ယာဉ်မတော်တဆမှုများကြောင့် လူပေါင်း ၂,၆၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကလည်း ဘတ်စ်ကားတစ်စီး ချောက်ကမ်းပါးပြိုကျမှုကြောင့် အနည်းဆုံး လူ ၃၀သေဆုံးခဲ့ပါတယ်။

သတင်းအရင်းမြစ်: Source - CBS
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။