ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မဟာမင်းခေါင်လမ်းရှိ စိန်ဂေဟာ မီးလောင်မှာဖြစ်စဉ်မှာ မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း မီးခိုးမွှန်ခြင်းနှင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ လူမှုရေးအသင်းထံမှ သိရပါတယ်။ ယမန်နေ့ ဇန်နဝါရီ ၂၇ ရက်၊ ည ၇ နာရီကျော်က စိန်ဂေဟာ စျေးဝယ်စင်တာ အပေါ်ဆုံးထပ်ရှိ ဆိုင်ခန်းများမှ မီးစလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပါ။


မီးလောင်မှုဖြစ်ပွားကြောင်း လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များမှ သွားရောက်ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မီးလောင်မှုကို Level 3 အဆင့်ဖြင့် အချိန် ၃ နာရီကြာ ငြှိမ်းသတ်ခဲ့ရပြီး ည ၁၀ နာရီ ၂၃ မိနစ် ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

စိန်ဂေဟာမီးလောင်မှုမှာ ဘာကြောင့် မီးလောင်ကျွမ်းရတာလဲဆိုတာ မသိရပေမယ့် ပျက်စီးဆုံးရှုံးတန်ဖိုးများတာကြောင့် ဆိုင်ကို ယာယီပိတ်ထားမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက် မှော်ဘီမြို့နယ် Grand Royal အရက်ချက်စက်ရုံ မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာလည်း ပေါက်ကွဲမှုများကြောင့် မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဥ် ဖြစ်ပွားခဲ့သေးတယ်။

သတင်းအရင်းမြစ်: Source - ယနေ့ခေတ်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။