စုန်ကရန်(Songkran)လို့ လူသိများတဲ့ ထိုင်းရေသဘင်ပွဲတော်ကို ထိုင်းနိုင်ငံ က သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအနေနဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းတင်ဖို့အတွက် ကနဦးအဆိုပြုခဲ့ပြီး ၎င်းအဆိုပြုချက်ကို ယူနက်စကို (UNSECO) က လက်ခံလိုက်ပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြလာခဲ့ပါပြီ။

စုန်ကရန်အမည်ရ ထိုင်းသကြင်္န်ရေသဘင်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုအမွေအနှစ် (Intangible Cultural Heritage - ICH) အဖြစ် စာရင်းသွင်းဖို့အတွက် Songkran in Thailand, traditional Thai New Year festival နာမည်နဲ့ အဆိုပြုခဲ့တာဖြစ်ပြီး ICH ဟာ ကမ္ဘာ့အမွေအနှစ် လို့ သတ်မှတ်ရတဲ့အထိ မဟုတ်ပေမယ့်လည်း ကမ္ဘာ့အမွေအနှစ် (World Heritage site) နဲ့ ထပ်တူညီတဲ့အထိကို ဩဇာကြီးမားတယ်လို့ ဖော်ပြနေကြတာဖြစ်ပါတယ်။

Khon အပါအဝင် Thai Massage နဲ့ ထိုင်းတောင်ပိုင်းက နိုရာအက တို့ကို ယူနက်စကိုမှာ ရိုးရာယဉ်ကျေး မှုအမွေအနှစ်အဖြစ်အသိအမှတ်ပြုခံထားရပြီး ဖြစ်တဲ့အတွက် ထိုင်းရေသဘင်ပွဲတော်ဟာ လည်း ထိုင်းနိုင်ငံရဲ့ လေးခုမြောက် ရိုးရာယဉ်ကျေးမှုအမွေအနှစ် ဖြစ်လာနိုင်ခြေ များတဲ့အပြင် မွေထိုင်း၊ ထိုင်းဆေးခြောက်၊ ထိုင်းဟင်းလျာ၊ သရက်ကောက်ညင်းအုန်းနို့ဆမ်း (Mango Sticky Rice)၊ Phi Ta Khon စတဲ့ ထိုင်းရိုးရာယဉ်ကျေးမှုတွေကိုလည်း ICH စာရင်းတင်သွင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။