အာဖဂန်နစ္စတန်မှာ ဆယ်စုနှစ်အတွင်း အအေးဆုံးဆောင်းရာသီကြောင့် ယခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်းတွင် လူတစ်ရာကျော် သေဆုံးခဲ့ကြောင်း တာလီဘန်အရာရှိများက ပြောကြားခဲ့ပါတယ်။ လက်တလောမှာ အာဖဂန်နစ္စတန်ရှိ နေရာဒေသအနှံ့အပြားမှာ လေအေးများ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး ပုံမှန်ထက် အပူချိန် ကျဆင်းခဲ့ပါတယ်။

ဒါ့အပြင် မြို့တော် ကဘူးလ်တစ်ဝိုက်ရှိ ဒေသများမှာလည်း ယခုလအတွင်း အပူချိန်ဟာ အနုတ် ၂၀ ဒီဂရီစင်တီဂရိတ်အောက် ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ အအေးဒဏ်ကြောင့် သေဆုံးသူတွေထဲမှာ ကလေးငယ်များ ပါဝင်ပြီး အများစုဟာ ကျန်းမာရေးပြဿနာများ ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။

တာလီဘန်တွေက ကုလသမဂ္ဂနဲ့ တခြားနိုင်ငံတွေဆီကနေ အကူအညီတောင်းနေပါတယ်။ အာဖဂန်နစ္စတန်လူဦးရေရဲ့ သုံးပုံနှစ်ပုံဟာ ဆင်းရဲမွဲတေမှုနဲ့ စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကို ခံစားနေရပြီး အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတဲ့ လူ ၂၈ သန်းကို ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

သတင်းအရင်းမြစ်: Source - nhk
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။