ရုရှားဒုံးကျည်တွေ ဒရုန်းတွေကြောင့် ယူကရိန်းအရပ်သား ၁၁ ဦးသေဆုံခဲ့တယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုတွေဟာ အမေရိကန် ဂျာမနီနဲ့ အနောက်နိုင်ငံတွေက ယူကရိန်းကို အဆင့်မြင့်တင့်ကားတွေပေးဖို့ ဆုံးဖြတ်ပြီး နောက်မှာ စတင်ဖြစ်ခဲ့တာပါ။

ဇန်နဝါရီ ၂၆ ရက်နေ့တစ်ရက်တည်းမှာပဲ ရုရှားက ဒုံးကျည်မျိုးစုံ ၅၅ စင်းနဲ့ အီရန်လုပ် ဒရုန်း ၂၄ စင်းနဲ့ နေရာအနှံ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းသတင်းတွေက ဖေါ်ပြပါတယ်။ ဒုံးကျည် ၈ စင်းကတော့ လူနေအဆောက်အအုံနေရာတွေကို ထိမှန်ခဲ့တာကြောင့် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ပြီး အဆောက်အအုံ ၃၀ ကျော် ပျက်စီးခဲ့တယ်ဆိုပါတယ်။

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီတိုက်ခိုက်မှုမှာ ရုရှားက လေကြောင်းရန်ကာကွယ်ရေးစနစ်အတွက်အသုံးပြုတဲ့ S-300 ဒုံးကျည်တွေနဲ့ လေယာဥ်တင် သင်္ဘောတွေကို ပစ်ခတ်တဲ့ဒုံးကျည်တွေ ဖြစ်ကြောင်း ၊ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ပစ်မှတ်ကို အတိအကျထိမှန်နိုင်တဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်မှတ်အားလုံး ထိမှန်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

သတင်းအရင်းမြစ်: Source - BNN
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။